အပိုင်း (၈၄) ကမ္ဘာ့နံပါတ် တစ်, ဇီးရိုး

Start from the beginning
                                    

" မင်းက ငါသင်ဖူးသမျှထဲမှာ အထူးချွန်ဆုံးကျောင်းသားဖြစ်ပြီး ငါသိတဲ့ ဟက်ကာတွေထဲမှာလည်း မင်းက အရည်အချင်းအရှိဆုံးလေ၊ ဒီကိစ္စရဲ့နောက်ဆုံးမျှော်လင့်ချက်က မင်းဖြစ်နေတယ်"

ကျိုးရွှမ်းသည် သိုသိုသိပ်သိပ် နေသူတစ်ယောက်ဖြစ်လေသည်။ သူ့တွင် သည်အရည်အချင်းရှိမှန်းသိသူက မရှိသလောက်ပင်။ ကျန်းဟွမ်သည်လည်း ကျောင်းအုပ်တစ်ယောက်၏ အခွင့်အာဏာကို သုံးခဲ့ပြီးမှ ကျိုးရွှမ်း တက္ကသိုလ်တက်စဥ်က အမှတ်မထင်သိခဲ့ရခြင်းပင်။

သူအမှတ်မမှားလျှင် ကျိုးရွှမ်း၏ဟက်ကာစကေးသည် လွန်ခဲ့သည့်နှစ်အနည်းကယ်က နိုင်ငံထဲတွင် အတော်ဆုံးထဲက တစ်ယောက်ဖြစ်ခဲ့သည်။ အခုတော့ သူသည် ကမ္ဘာ့အဆင့်ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေလောက်ပြီ။

"ကောင်းပါပြီ"

ကျိုးရွှမ်းက ပြန်ဖြေလိုက်ပြီး သူ့လက်ထောက် ဟယ်ရှန့်ကို ဝင်လာခိုင်းလိုက်လေသည်။

" ကျွန်တော် ဟယ်ရှန့်ကို ဟက်နည်း ကိုယ်တိုင်သင်ပေးထားခဲ့တာ၊ ကျိုးကော်ပိုရေးရှင်းရဲ့ လုံခြုံရေးကွန်ယက်ကို သူ့ကို တာဝန်ပေးထားတာ၊ တစ်ချိန်ထဲမှာပဲ ဟယ်ရှန့်က (ဖယ်လ်ကွန်) ကမ္ဘာ့ဟက်ကာအဆင့်မှာ အဆင့်၁၄ဝင် တစ်ယောက်လေ၊ သူ့ကို အရင်စမ်းကြည့်ခိုင်းလိုက်မယ်" ကျိုးရွှမ်းက တည်တည်ငြိမ်ငြိမ်ပြောလိုက်လေသည်။

သူက ပြောလိုက်သည်နှင့် ဟယ်ရှန့်သည် လပ်တော့တစ်လုံးဖြင့် ဝင်လာလေသည်။ သူသည် လင်ရှောင်းက သူ့ကိုပေးခဲ့သည့် ပုစ္ဆာကိုဖြေရှင်းခဲ့သည့် လျို့ဝှက်ပုဂ္ဂိုလ်၏ ဘာမှမရှိသည့်အချက်အလက်ကို ကြည့်လိုက်ပြီး မြန်မြန် စ,တင်လိုက်တော့သည်။

ဟယ်ရှန့်၏မျက်စိကျိန်းလောက်သည့် လက်ကွက်နည်းပညာကို ကြည့်ရင်း လင်ရှောင်းက မနေနိုင်တော့ဘဲ မေးလိုက်တော့သည်။

အဲဒီလူက IDအကောင့်တစ်ခုကလွဲပြီး ဘာမှမရှိဘူး၊ ကျွန်တော်တို့တွေ တကယ်ပဲ သူ့ကို ရှာနိုင်ပါ့မလား"

" ပိုစ့်တင်တဲ့ဆော့ဖ်ဝဲရဲ့ back-end database ( သီးခြား application တစ်ခုကနေ သုံးထားတဲ့ userတွေရဲ့ dataတွေကို သိမ်းထားတဲ့နေရာ) ထဲကို ဝင်ဟက်လိုက်ရင် ကျွန်တော်တို့တွေ ဒီလူရဲ့အင်တာနက် လိပ်စာကို ရှာနိုင်တယ် ပြီးရင် ကျွန်တော်တို့တွေက တဖက်လူရဲ့ တည်နေရာနဲ့ တခြားအချက်အလက်တွေကို ရယူနိုင်တယ်" ဟယ်ရှန့်က အလုပ်လုပ်ရင်း ရှင်းပြလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now