အပိုင်း ( ၈၃) ကျိုးမိသားစုဆီသို့ အလည်အပတ်

Start from the beginning
                                    

ကျိုးရွှမ်းသည် နောက်ကုမ္ပဏီတစ်ခုကို လက်လွဲယူရန် အလုပ်များနေပြီး ညပိုင်း အစည်းအဝေးပြီးမှ အိမ်ပြန်လာရလေသည်။

သူသည် ပြီးခဲ့သည့်နှစ်အနည်းငယ်က ကျိူးကော်ပိုရေးရှင်းကို လက်လွဲယူပြီးကတည်းက မအားလပ်သည့်ဘဝတစ်ခုတွင် အသားကျလာခဲ့သည်။ သူသည် တခါတရံမှသာ အားလပ်လေသည်။ သူ့အတွက်တော့ ကောက်ကျစ်လွန်းသည့် စီးပွားရေးလောက ထွက်လာပြီး ကျိုးယန်၏အရှုပ်ထုပ်ကို လိုက်ရှင်းကူပေးရသည်ကပင် ရှားပါးသည့်အပမ်းဖြေချိန်တစ်ခု ဖြစ်လေတော့သည်။

သူ၏ယောင်ကိုင်းနေသည့်မျက်ခုံးများကို ပွတ်ရင်း ကားထဲ ထွက်လာ၏။ အိမ်တော်ထိန်းက သူ့ထံမြန်မြန် ရောက်လာကာ ပြောလိုက်တော့သည်။

" ဥက္ကဋ္ဌကျိူး လူကြီးမင်းကျန်းက ဧည့်ခန်းထဲမှာ ဆရာနဲ့ တွေ့ဖို့ စောင့်နေပါတယ်၊ သူ့ကို လက်ခံတွေးမှာလား ဒါမှမဟုတ်...."

"ဟမ်"

ကျိူးရွှမ်းသည် အနည်းငယ် အံ့ဩသွားတော့သည်။ သူ့အပေါ်ကုတ်အင်္ကျီကို အိမ်တော်ထိန်းအား လှမ်းပေးလိုက်ပြီး သိလိုစိတ်ဖြင့်မေးလိုက်လေသည်။

" သူ ရောက်နေတာ ဘာလို့ ငါ့ကိုမပြောတာလဲ၊ ငါ စောစောပြန်လာခဲ့မှာပေါ့"

ကျိုးရွှမ်း၏မျက်လုံးထဲက နွမ်းနှယ်မှုကို မြင်လိုက်ရသည့် အိမ်တော်ထိန်းက ခေါင်းငုံ့ကာ ပြောလိုက်တော့သည်။

" လူကြီးမင်းကျန်းရဲ့ စိတ်ကူးပါ၊ တကယ်တော့ နေ့လည်ကတည်း သူက လူငယ်လေးတစ်ယောက်ကိုပါ ခေါ်လာခဲ့သေးတယ်၊ ဆရာ အိမ်မှာမရှိလို့ကြားတော့ သူ ဧည့်ခန်းမှာပဲ စောင့်လိုက်ပါမယ်၊ ဆရာ့ကို အနှောင့်အယှက်မပေးပါနဲ့လို့ မှာထားလို့ပါ"

ကျိုးရွှမ်းက ကျိုးမိသားစုကို ပြန်လာတဲ့အချိန် လထွက်တဲ့အထိ စောင့်နေခဲ့တာပဲ။

ကျိုးရွှမ်းသည် ထိုစကားကို ကြားလိုက်ရချိန်၌ လူကြီးမင်းကျန်းတွင် အချိန်အကြာကြီးစောင့်ပြီး သူ့ကိုအကူအညီကောင်းရမည့် အရေးကြီးကိစ္စတစ်ချို့ရှိမှန်း သိလိုက်တော့သည်။ သူသည် ဧည့်ခန်းထဲသို့ ခြေလှမ်းကျဲများဖြင့် ဝင်သွားရင်း ပြောလိုက်လေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now