" အာ့ဆိုဘာလို့ဆိုင်ကိုလာခိုင်းထားသေးလဲ
အခုလုပ်ပုံကိုလည်းကြည့်ဦးလေ "
စိုင်းယံတို့ကလည်း နောက်ကနေချက်ချင်း
ရောက်ချလာပြီး ခရောင်ကိုကူတွဲပေးလိုက်တယ်။
" ကောင်းပြီ! ကျွန်တော့်ဝန်ထမ်းကိုတောင်းပန်ပေးပါဗျ "
" ဟမ် .. ဟက်! ဘာပြောလိုက်တာလဲရှင့် "
မေမီကခပ်ကြောင်ကြောင်ရယ်မိသည်။
" ကျွန်တော့်ဝန်ထမ်းအပေါ်ပြုမူခဲ့တာကို
တောင်းပန်ပေးပါဗျ "
" ကိုဉာဏ် "
ရင်းဆက်ကထိုင်ရာမှထကာ တည်တံ့ကို
ပေစောင်းစောင်းကြည့်နေဆဲ။ တည်တံ့ကတော့
မျက်နှာကိုအဆုံးထိတင်းထားတယ်။
" တောင်းပန်ရမယ်.... ဟုတ်လား "
" အခုတောင်းပန်ပေးပါဗျ "
" မတောင်းပန်နိုင်ဘူး ဘာဖြစ်လဲ "
ရင်းဆက်က စကားကိုဖြတ်ပြီးလုပြောကာ
ဤအခြေအနေကိုရအောင်တားလိုက်သည်။
" ငါကိုယ်တိုင်တောင်းပန်မယ်၊ ဒါကငါ့လုပ်ဖော်
ကိုင်ဖက် ငါခေါ်လာတာ ခေါ်လာတဲ့ငါ့အမှား၊
အဲ့တော့ငါကပဲတောင်းပန်လိုက်ပါတယ် "
သို့သော်လည်း ကာယကံရှင်ကိုယ်တိုင်က
မတောင်းပန်တော့ တည်တံ့မကြည်ပါ၊စိတ်ကို
အဆုံးစွန်လျှော့ထားမိသည်။ ညီ့ကြောင့် ညီ
ခံစားရမှာစိုးလို့ စိတ်ကိုတတ်နိုင်သမျှကိုယ်သည်းခံထားမိတယ်။
" သွားမယ် မေမီ "
ခရောင်ကိုတချက်ကလေးတောင်လှည့်မကြည့်
တော့ဘဲ လှည့်ထွက်သွားရက်တယ်။ ဒီလိုကောင်မျိုးက ခရောင်နဲ့တကယ်မတန်ဘူး
ခရောင်ကဘာစကားတစ်ခွန်းမှမတုံ့ပြန်တော့ဘဲ မျက်နှာကိုခုနကအတိုင်း လွှဲထားသေးတယ်၊ မျက်နှာတစ်ခုလုံးလည်း မျက်ရည်တွေအပြည့် မျက်နှာများပင်နီရဲတက်လာ၍ နှာခေါင်းကိုတရှုံ့ရှုံ့လုပ်နေမိသည်။ထို့ကြောင့်
ညီ့ပုံစံကိုမကြည့်ရက်တော့လို့ ညီ့အနားကျွန်တော်အရောက်သွားလိုက်မိသည်။
" ညီ . အဆင်ပြေရဲ့လား အတော်ထိခိုက်သွား
သေးလား "
ညီကသူ့မျက်နှာပေါ်က ခြောက်သွေ့ကုန်ပြီဖြစ်သော မျက်ရည်ပျစ်တွေကို သူ့လက်နဲ့အကြမ်း
ပတမ်းဖိသုတ်လိုက်ပြီးလျှင်
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 15 )
Start from the beginning
