If Possible ( Part - 15 )

Start from the beginning
                                        

ထိုဖြစ်ရပ်ကို မြင်တွေ့နေသည့် ရင်းဆက်ကတော့ မေမီနဲ့ခရောင်ကို တစ်လှည့်စီကြည့်မိ
နေပြီး တည်တံ့ကတော့လက်သီးကိုတင်းတင်းဆုပ်ကာ ဒေါသဘယ်နှပွဖြင့်အံကိုကြိတ်ထားမိသည်။

" ကျ... ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျ..
ကျွန်တော်ပြန် သုတ် ..... "

( ဖြောင်း! )

တစ်ခန်းလုံးကိုတိတ်ဆိတ်သွားစေသည့် လက်သံပြင်းပြင်း ၊ လူကိုယိုင်ကျသွားစေတဲ့အထိပြင်းခဲ့တယ်။ နာတယ် ရင်ဘတ်ထဲက
သိပ်ကိုနာတယ်၊ ဒဏ်ရာရထားတဲ့ခြေထောက်
တစ်ဖက်ကလည်း အရိုးတွေကျိုးပဲ့သွားသလို
ကိုက်ခဲပြီးနာကျင်နေတယ်။ ဒဏ်ရာနှစ်ခုယှဉ်တူတွဲဖြစ်နေတာတောင် ဘာလို့ရင်ဘတ်ထဲက
ပိုနာနေရတာလဲ. သရုပ်ပျက်မတတ်ကြမ်းပြင်
ပေါ်မှာလဲကျနေတာ သန်မာတဲ့ခရောင်သွေး
မဟုတ်တဲ့အတိုင်းပဲ! ကျွန်တော့်အကြည့်တွေကို
သူတို့ဆီထပ်မကြည့်မိအောင် မျက်နှာကိုလွှဲထားရတာ ကျွန်တော်ဘယ်လောက်ပူလောင်လိုက်သလဲ၊ လည်ချောင်းတွင်းထိစို့နင့်လာတဲ့
ဒီခံစားချက်တွေကို ဘယ်သူကအစားထိုးခံစားပေးနိုင်မှာလဲ! မျက်ရည်မကျမိစေနဲ့ ခရောင်သွေး ..မင်းပြိုလဲနေလို့မဖြစ်ဘူး ဒီလောက်နဲ့မင်းလက်လျှော့လိုက်တော့မှာလား! မျက်ရည်တွေမကျဆင်းရအောင် မျက်တောင်တစ်ချက်တောင်မခတ်ဖို့ကြိုးစားမိပေမယ့် မျက်ဝန်းအိမ်အဝမှာ အစုလိုက်ပြုံနေတဲ့ထိုမျက်ရည်တွေဟာ
မျက်လုံးကိုကိုက်ခဲလာစေခဲ့တာမို့ သည်းမခံနိုင်
တော့သည့်အဆုံး မျက်တောင်ကိုဆက်တိုက်
ခတ်လိုက်မိတယ်။ ဪ...သိပ်ကိုကျဆင်းချင်နေတယ်ပေါ့လေ! အေး .... ကျလိုက်စမ်းပါ..
ငါလည်းဆက်သည်းမခံနိုင်တော့လို့။

တည်တံ့က ချက်ချင်းခရောင်နားပြေးသွားပြီး
ခရောင်၏လက်မောင်းကိုထိန်းကိုင်ထားကာ
တည်တံ့နဲ့မေမီ့ကိုဒေါသအရှိန်ပြင်းနေသည့်
မျက်နှာဖြင့် ခပ်စေ့စေ့ကြည့်မိသည်။

" ဒါလေးသုတ်တာတောင် အသုံးမကျတာလား
ဟမ်.... ငါ့ကိုစိုကုန်ပြီ ဒီလိုပုံစံနဲ့အိမ်ကိုဘယ်လို
ပြန်ရမှာတုန်း အကုန်ဗွက်ရေတွေနဲ့ "

" ကျွန်တော်ပြောတဲ့မလားဗျ! ကျွန်တော့်ဝန်ထမ်းခြေထောက်ထိခိုက်ထားပါတယ်လို့
သူလမ်းကောင်းကောင်းမလျှောက်နိုင်ဘူး "

If possible ~Where stories live. Discover now