( ဂွမ် )
" အာ .. ဖန်ခွက်ကွဲသွားပြီ "
" အယ် ဘယ်လိုဖြစ်တာလဲ နေဦး ... အစ်ကို
ခေါ်ပေးမယ် "
" ဒီမှာ..မင်း "
ကျွန်တော့်ကိုထိုလေသံမာမာဖြင့် အော်ခေါ်တော့ ကျွန်တော်လည်းလှည့်ကြည့်လိုက်မိသည်။
" ဖန်ခွက်ကွဲသွားပြီး ကြမ်းပြင်ရေစိုသွားလို့
လာသုတ်ချည် "
တံတွေးကိုအလုံးလိုက် မြိုချမိတော့ အာခေါင်တွင် စူးတတ်တတ်၊ဝဲတက်လာတဲ့မျက်ရည်တွေကို ချက်ချင်းပြန်ထိန်းကာ မျက်လုံးထဲများပင်
ပြန်ပစ်သွင်းနေရသလို... နာကျင်တယ် နာကျင်ရတယ်တအားပဲ။ တည်တံ့ကလည်း ဗန်းနဲ့ကော်ဖီတင်လာပြီး ရှေ့သို့ထွက်လာတော့ ထိုဖြစ်ရပ်ကိုမြင်လို့ လှမ်းတားသည်။
" နေ နေ ညီ ၊ ကိုယ် လုပ်လိုက်မယ် "
ထိုအခါ ရင်းဆက်ကစကားကိုဖြတ်ပြောလေလျှင်
" ကျွန်တော် ဝိတ်တာကိုခေါ်တာဗျ။ ဆိုင်ပိုင်ရှင်
ကိုခေါ်တာမဟုတ်ဘူး "
" သိပါတယ် ကျွန်တော့်ဝန်ထမ်း ခြေထောက်
ထိခိုက်ထားလို့ ခိုင်းစရာရှိရင်ကျွန်တော့်ကိုပဲ
ပြောပါ "
"...."
" ရ .. ရပါတယ် ကိုဉာဏ်.. ကျွန်တော်လမ်း
လျှောက်နိုင်ပါတယ် "
" ညီ "
ခရောင်တည်တံ့ရဲ့စကားကိုပြန်နားထောင်မနေ
တော့ဘဲ နေရာမှာကောက်ထကာ မထနိုင်တဲ့ခြေ
ထောက်ကို အားစွဲယူပြီး လမ်းကိုရအောင်လျှောက်သည်။ ရင်းဆက်ကခရောင်ခြေထောက်ထိထားမှန်းလည်းသိသိရက်နဲ့ကို
တမင်ခိုင်းတာ၊ တည်တံ့အမြင်မှာတော့ ရင်းဆက်ကိုတော်တော်လေးဒေါသထွက်နေပုံရတယ်။ တကယ့်ကိုဒေါသဖြစ်ချင်စရာကောင်းတဲ့အကောင်... ခရောင်က အဝတ်တံမြက်စည်း
တစ်ချောင်းကိုယူကာ ကြမ်းပြင်ပေါ်ချပြီးလျှင်
တစ်စစီအက်ကွဲကုန်တဲ့ ဖန်ခွက်အပိုင်းတွေကို
ကောက်ယူပြီး ဂေါ်ပြားထဲသေချာထည့်သည်။
ပြီးမှ ဘေးနားချထားတဲ့ အဝတ်တံမြက်စည်းကိုကောက်ယူကာ ရေများကိုသုတ်ယူတော့
" ဟာ ... ကျစ်! ရော့ဟာ .."
စားပွဲပေါ်က ကော်ဖီခွက်ကိုကောက်ယူကာ
ခရောင်မျက်နှာကိုပက်လိုက်တာဖြစ်သည်။
ခရောင်က သူ့မသန်တဲ့ခြေထောက်တစ်ဖက်ကို
ထိန်းထိန်းပြီး အဝတ်တံမြက်စည်းနဲ့သုတ်ကျင်းတော့ကြမ်းပြင်ကရေတွေက ဗွက်ရေတွေလို
ဖြစ်သွားတာဖြစ်ပြီး မေမီရဲ့အသားကတ်ခြေအိတ်ရှည်အဖြူစွတ်စွတ်ကိုသွားစင်မိတာ
ဖြစ်သည်။
BINABASA MO ANG
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 15 )
Magsimula sa umpisa
