If Possible ( Part - 15 )

Start from the beginning
                                        

" မေမီ‌ ... ထိုင် "

" ဟုတ် ကိုခန့် "

ကျွန်တော့်ရှေ့တည့်တည့်ကဝိုင်းမှာ တမင်လာထိုင်ပြီး ကျွန်တော့်ကိုမျက်နှာပြောင်တိုက်တာလားကျွန်တော်မသိတော့ပါ။ လောလောဆယ်
ကျွန်တော့်စိတ်ထဲမှာ မတရားရှုပ်ထွေးနေလို့
စိတ်ကိုမနည်းသည်းခံပြီး အောင့်အီးထားရတယ်။

" ဘာသောက်မလဲ မေမီ "

" အင်း........ Americano "

" ဟုတ်ပြီ "

အစ်ကိုကထိုင်လျက်ကျွန်တော့်ဘက်လှည့်လာပြီး လက်တစ်ဖက်ကိုမြှောက်ပင့်ပြီး ကျွန်တော့်
မျက်နှာကို ခပ်အေးအေးမျက်နှာထားဖြင့်လှမ်း
ခေါ်တယ်။

" Waiter ... လာပါဦး မှာချင်လို့ "

တည်တံ့ကကြားထဲက ဝင်တားလေလျှင်

" ရတယ် ညီ... ကိုယ်သွားလိုက်မယ် "

ခရောင်လည်းဘာမှပြန်ငြင်းမနေတော့ဘဲ
ထိုင်ခုံမှာသာဆက်ထိုင်နေမိရင်း သူတို့ကိုမျက်ခြေမပြတ် တည့်တည့်မတ်မတ်အကြည့်များက
ရောက်ရောက်နေတယ်။

" ဘာမှာမလဲ ပြောပါ "

" Americano တစ်ခွက်နဲ့ Chocolate cake
တစ်ခု‌ပဲပေး "

အမှာကိုပြောပြီးတာနဲ့ တည်တံ့ကမျက်နှာကြော
တင်းတင်းဖြင့် တန်းထွက်ခဲ့ကာ မီးဖိုချောင်ထဲသို့ဝင်သွားပြီး ကော်ဖီသွားဖျော်နေလျှင် ခရောင်က မနေတတ်မထိုင်တတ်တော့တာမို့
စိတ်တွေတအားမွန်းကျပ်လာကာ နေရာမှထပြီး
ချောကလက်ကိတ်ထယူတော့ ရင်းဆက်က
စိုက်ကြည့်နေသည်။ မေမီခေတ်ကလည်း သူတို့
နှစ်ယောက်ဆက်ဆံရေးကိုမသိကာ မသိသလိုသာ နေနေမိသည်။ မေမီခေတ်ဆိုသည်မှာ
ရင်းဆက်နဲ့အလုပ်တွဲလုပ်နေတဲ့ လုပ်ငန်းရှင်တစ်ဦး။ သူဌေးကြီး ဦးမင်းရာခေတ်၏သမီးပင်ဖြစ်သည်။ အလှအပလည်းမက်မောသလို
ဝတ်တတ်စားတတ်သည့် မိန်းမပျိုတစ်ယောက်
ဖြစ်သည်။ ခေတ်နှင့်အညီဝတ်စားတတ်သည့်
သူတစ်ဦးဖြစ်၏။

ယူလာသည့်ချောကလက်ကိတ်ကိုစားပွဲပေါ်မှာချပြီးလျှင် ချက်ချင်းလှည့်ထွက်လာခဲ့သည်။
ခရောင်၏ခြေထောက်ထော့နဲ့ထော့နဲ့ဖြစ်နေသည်ကို ရင်းဆက်သတိထားမိသည်။သို့
သော်လည်း သူသေချာဂရုမစိုက်၊သူ့ခေါင်းထဲမှာ ခရောင်ကိုအမြင်မကြည်တာကလွဲ၍ စိတ်ပူ
စရာတစ်ကွက်မှာပင်မရှိခဲ့။မေမီက သောက်နေသည့်ဖန်ခွက်ထဲကနေက လွတ်ကျတော့...

If possible ~Where stories live. Discover now