" ကိုဉာဏ် "
တည်တံ့က စိတ်မရှည်တော့ဘဲ ခရောင်ကို
မျက်စောင်းလေးနဲ့ထိုးကြည့်လိုက်တော့ ခရောင်လည်းငြိမ်ကျသွားသည်။
" ညီ... ကိုယ်ပြောနေတယ်လေ ဘာမှမလုပ်နဲ့လို့"
" ကျွန်တော်တကယ်အဆင်ပြေပါတယ် မဟုတ်ရင်လည်းကျွန်တော်အိမ်မှာပျင်းနေမှာ.. နော်
ကိုဉာဏ် ကျွန်တော်အဆင်ပြေပါတယ်လို့ "
" ကျစ်! "
စိတ်ပျက်ပျက်နဲ့ ဒီအာမေဋိတ်အသံကိုအသုံးပြုလိုက်မိပေမယ့် ချက်ချင်းပဲမျက်နှာအမူအရာကိုပြန်ပြင်လိုက်တယ်။ စိတ်ဆိုးချင်ပေမယ့်
မင်းမို့ စိတ်မဆိုးရက်ပါဘူး ...
" အင်း ... အဲ့ဒါဆိုနားနားနေနေလုပ် အများကြီး
လည်းလျှောက်လုပ်မနေနဲ့ဦး "
ထိုကျမှ ခရောင်ရဲ့မျက်လုံးများကချက်ချင်းပင် လက်ခနဲ... တက်တက်ကြွကြွဖြင့် ခေါင်းကို
တဆတ်ဆတ်ညိမ့်ပြီးပြုံးလိုက်တယ်။
" ဟုတ်ကဲ့ "
ခရောင်အပြုံးကိုမြင်ပြန်တော့လည်း သဘောကျမိ၍ ပြန်မပြုံးဘဲမနေနိုင်တော့။
ခရောင်ဘယ်အချိန်အထိ ကိုယ့်ကိုမင်းအပေါ်
ထားတဲ့အချစ်တွေ ပျောက်ဆုံးသွားအောင်
ဖျောက်ပစ်နိုင်မှာလဲ....
ခရောင်လည်း တည်တံ့၏စကားကိုနားထောင်
ခဲ့ပြီး ခုံပေါ်မှာပဲထိုင်လျက် ခုံသုတ်တာဘာညာ
သုတ်သင်နေ၍ အာရုံစိုက်နေခိုက် ဆိုင်ကိုဝင်
လာသည့်သူကြောင့် မျက်နှာကိုအရင်မော့မကြည့်မိဘဲ အပြောနဲ့သာကြိုဆိုလိုက်တယ်။
" ဝင်ပါဗျ "
ဘေးမှာလည်း ကိုဉာဏ်က ရပ်နေပြီးရှေ့ကိုသာ
မျက်နှာခပ်တည်တည်နဲ့စူးစူးစိုက်စိုက်ကြည့်နေတာမို့ ကျွန်တော်၏အာရုံများက ကိုဉာဏ့်ဆီရောက်မိကာ ရှေ့ကလာသည့် customer ကို
ကြည့်မိတော့ ...
" ဟင် "
စိတ်ထဲက ထွက်ပေါ်လာသည့် အာမေဋိတ်အသံ
လေးက ဖျော့ဖျော့လေး... ဘာ .. ဘာလို့အစ်ကို
ကဒီကိုရောက်လာရတာလဲ. ပြီးတော့ကော သူ့
ဘေးနားက မိန်းကလေးကဘယ်သူလဲ။ ကျွန်တော့်စိတ်တွေတစ်ခဏမျှ တုပ်လှုပ်နေပြီးငြိမ်သက်နေမိတယ်။ အဆက်မပြတ်ကျဆင်းလာသည့်ချွေးပေါက်များကိုလည်း လှမ်းသုတ်ရန်
လက်မမီတော့၊ တကယ်ပဲဘယ်လိုဆက်ဆံရေးလဲ။
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 15 )
Start from the beginning
