If Possible ( Part - 15 )

Start from the beginning
                                        

" ငါအလုပ်ရပြီကွ သားရီး "

" ဟင် ဟုတ်လား ... မင်းကိုသဘောကျတယ်တဲ့
လား ဘယ်နေ့ဆင်းရမှာတဲ့လဲ "

" မနက်ဖြန်ကွ .. ငါဆွဲထားတဲ့ဒီဇိုင်းလေးတွေထဲက ဆန်းပြားတဲ့ဒီဇိုင်းလေးတွေတချို့စုပြီးပြ
လိုက်တာ သဘောကျသွားလေရဲ့။ အဲ့ဒါနဲ့ငါ့ကို
တန်းခန့်လိုက်တော့တာပဲ "

" ကောင်းတယ်ကွာ မင်းအလုပ်ရကံကောင်းတာပဲ "

" ဟုတ်တယ်ကွ . ငါအလုပ်ရကြောင်း ငါ့အမေကိုတောင်အရင်အသိ‌မပေးဘဲ မင်းကိုအရင်ပြောတာနော် ဟဲ့ကောင် "

လူကသာသိပ်မဟန်တာ သူ့သူငယ်ချင်းစကားကြောင့် ဟင့်ခနဲ ထွက်သွားအောင် ရယ်မိလိုက်သေး....

" အင်းပါ အင်းပါ ငါကမင်းကိုမွေးထားတဲ့
အမေအရင်းဆိုတော့ "

" ဟ ဟ ဟုတ်ပြီ.. ငါပြန်လိုက်ဦးမယ် ကားစောင့်နေတာကားလည်းလာပြီမို့ ငါသွားပြီနော်
ဖုန်းချလိုက်တော့မယ် "

" အေးအေး တာ့တာ "

ခရောင်မနေ့ညက အတော်ငိုထားပုံရတော့
ထိခိုက်ထားတဲ့ခြေထောက်ဒဏ်ရာကလည်းကိုက်ခဲနေသေးတာမို့ အမေကဒီနေ့အလုပ်နားခိုင်းသော်လည်း စကားနားမထောင်ခဲ့ဘဲ ယူနီ
ဖောင်းဝတ်ပြီး အပြင်သို့ထွက်လာခဲ့သည်။ဆိုင်
ကိုရောက်တော့ ကောင်တာမှာ ကိုတည်တံ့လည်းရှိနေတာဖြစ်လို့ ခရောင်ကိုတွေ့တွေ့ချင်း
ထိုင်နေတဲ့ခုံပေါ်ကနေ ဆတ်ခနဲထကာ ခရောင်ကိုပြေးပြီး တံခါးသွားဖွင့်ပေးသည်။

" ညီ ... ခြေထောက်ကဘာဖြစ်လာတာလဲ "

" အာ .. ကျွန်တော်ချော်လဲလာတာပါ "

" ညီရယ်သတိထားမှာပေါ့ ခြေထောက်ခေါက်သွားတာလား "

" ဟုတ် "

" အဲ့ဒါဘာလို့ဆိုင်ကိုလာတာတုန်း အစ်ကို့ကို
ဖုန်းဆက်ပြီးခွင့်တိုင်လိုက်ရောပေါ့ "

" အခုတလောနားထားတာတွေ သိပ်များနေလို့ပါ အဲ့ဒါကြောင့် "

" ရပါတယ် ညီရယ်. ဆိုင်မှာလည်း စိုင်းယံတို့တွေရှိနေတာပဲ "

" ရပါတယ် ကျွန်တော်ဘာလုပ်ပေးရမလဲ "

" ဘာမှမလုပ်နဲ့ "

If possible ~Where stories live. Discover now