If Possible ( Part - 15 )

Comenzar desde el principio
                                        

" အဟင်း ... အဟင်း "

နေ့သစ်ကချောင်းဟန့်ပြီး မျက်နှာတည်ဖြင့်
ပြန်နေလိုက်တော့ ဇွဲမာန်ကနှုတ်ခမ်းတစ်ဖက်ကိုတွန့်ချိုးသွားအောင်ပြုံးလိုက်ပြီးမှ

" အင်း ... မင်းကိုအလုပ်ခန့်လိုက်မယ် "

" ဟမ် "

" စကားပြောဆင်ခြင်ပေးပါ‌ဗျ "

" အာ .. ဗျာ .. အဲ့လောက်တောင်လွယ်တာလား"

" ဘာလဲ မင်းကမလုပ်ချင်လို့လား ... ရတယ်လေ အဆင်မပြေလည်းလာလျှောက်တဲ့သူတွေ
မှအများကြီး ပြန်ရွေးပြီးခန့်ရုံပေါ့ "

" မဟုတ်တာ ... လုပ်ပါ့မယ် ကျွန်တော်ဘာပြော
လို့တုန်း "

" ကောင်းပြီလေ နက်ဖြန်စပြီးဆင်းလို့ရပြီ "

" ဟုတ်ကဲ့ "

စကားပြောပြီးစီးသွားတော့ ဇွဲမာန်ကမျက်နှာ
တစ်ချက်ပျက်သွားပြီး သူ့ဗိုက်ကိုလက်ဖြင့်
ပွတ်သပ်နေတော့ နေ့သစ်က အကဲခတ်မိသည်။

" သွားလို့ရပြီ ... ငါနေ့လည်စာသွားစားလိုက်ဦးမယ် "

" ဟင် ... အခုထိမစားရသေးဘူးလား "

" အင်း ၈နာရီထဲက အင်တာဗျူးစနေတာ‌လေ
ဆက်တိုက်မနားတမ်းလုပ်နေတာ "

" ဪ ... "

ဇွဲမာန်လည်းထိုင်ရာမှထကာ အပြင်သို့မထွက်ခင် နေ့သစ်ကို တစ်ချက်လောက်လှည့်ကြည့်လိုက်စဉ်

" မင်းကောတစ်ခါထဲလိုက်ဦးမလား "

" မလိုက်ပါဘူး သွားပါ "

" အင်း အင်း "

ဗိုက်တော်တော်ဆာနေပုံပေါက်တော့ ချက်ချင်းပင် လှစ်ခနဲထွက်လာလိုက်တာမို့ နေ့သစ်လည်း
နောက်ကနေ ဖြည်းဖြည်းချင်းကပ်လိုက်လာပြီးမှ အိမ်သို့ပြန်သည်။

အိမ်သို့မသွားခင် လမ်းမှာသူ့အလုပ်ရပြီဖြစ်ကြောင်း အိမ်ကအမေကိုအရင်သတိမပေးဘဲ ခရောင်ကိုအရင်လှမ်းဖုန်းဆက်ရသေးသည်

" ဟယ်လို "

" အင်း ... "

" ဟေး.... ဘာဖြစ်နေတာလဲ ခ... မင်းငိုထားတာ
လား "

" မဟုတ်ပါဘူး ... ငါနှာစီးနေလို့ . ဘာပြောချင်
လို့လဲ ပြောလေ "

If possible ~Donde viven las historias. Descúbrelo ahora