If Possible ( Part - 15 )

Start from the beginning
                                        

" စိုင်းခန့် ၊ နောက်ဆုံးလူကိုအထဲပို့လိုက်တော့ "

" ဟုတ်ကဲ့ပါ မန်နေဂျာကြီး "

နောက်လူအတွက် နာမည်စာရင်းကိုကြည့်လိုက်မိတော့ ‌"နေ့သစ်" တဲ့ ဓာတ်ပုံကိုအရင်မကြည့်မိဘဲ နာမည်ကိုသာကြည့်ပြီး အချက်အလက်တွေ
စစ်ဆေးနေစဉ် နေ့သစ်က ရုံးခန်းထဲကိုဝင်လာတော့ ဇွဲမာန်လည်း မော့အကြည့်

" ဟင် ... "

" ဟင် .. ခင်ဗျားလား "

" အဟက်! မင်းနာမည်ကနေ့သစ်ပေါ့ "

ဇွဲမာန်ကသူ့ပါးစပ်ကို ဆုပ်ထားတဲ့လက်သီးနဲ့
အုပ်ပြီး သဘောတကျရယ်မိတော့ နေ့သစ်က
စိတ်ရှုပ်သွားခဲ့သည်။ ကျစ်! ဒီလူကဒီကုမ္ပဏီ
ပိုင်ရှင်လားဟ ..

" ဘာလုပ်နေတာတုန်း ထိုင်လေ "

ရှုံ့မဲ့နေသည့်မျက်နှာဖြင့် ထိုင်ခုံပေါ်အသာလေး
ထိုင်လိုက်ပြီးမှ ဇွဲမာန်မျက်နှာကိုခပ်တည့်တည့်
ကြည့်သည်။

" ကဲ ဆိုစမ်းပါဦး... ဖက်ရှင်ဒီဇိုင်းနဲ့ပတ်သက်ပြီးကျွမ်းကျွမ်းကျင်ကျင်ရှိလား ၊ အတွေ့အကြုံကကော "

" ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဇာတ်ကားတစ်ခုမှာ costume designer လုပ်ခွင့်ရပါတယ်။ မင်းသားမင်းသမီးတွေရဲ့ ကာရိုက်တာနဲ့လိုက်ဖက်မယ့်ဒီဇိုင်းတွေကိုဆွဲပေးခဲ့ရတယ်။
အဲ့ကတည်းက မလုပ်ဖြစ်တော့တာ အခုထိပါ။
ဒီကုမ္ပဏီကလည်း ဖက်ရှင်ဒီဇိုင်းမှာအောင်မြင်နေတဲ့ကုမ္ပဏီတစ်ခုဖြစ်တာကို အရင်ထဲက
သိထားပါတယ်။တစ်နေ့တော့ ရအောင်အလုပ်
လျှောက်မယ်လို့ရည်မှန်းချက်ထားဖူးတယ်။
အဝေးသင်တစ်ဖက်နဲ့ တခြားကိစ္စလေးတွေကြောင့်လာမလျှောက်ဖြစ်တာပါ။ အခုတော့
အဆင်ပြေသွားပြီမို့ လာလျှောက်လိုက်တာပါ "

ဇွဲမာန်က မျက်ခုံးတစ်ဖက်ကိုပင့်၍ နေ့သစ်ကို
ပြုံးပြီးကြည့်တော့ ဟိုကမျက်စောင်းဖြင့်ပြန်တုံ့ပြန်သည်။

" ဆွဲထားတဲ့ဒီဇိုင်းတွေကော ပါလာသေးလား "

" ပါလာပါတယ် .. ဒီမှာပါ "

ဇွဲမာန်ကပင် နေ့သစ်၏လက်ရာများကိုသဘောကျမိပြီး ပုံတိုင်းလိုလိုတစ်ရွက်ချင်း
ငေးကြည့်နေမိသည်။နေ့သစ်ကတော့ ဇွဲမာန်
အကြည့်တွေကိုအကဲခတ်နေရင်း ပြုံးစိစိလုပ်မိသည်။ ‌ထို့ကြောင့်ဇွဲမာန်ကတစ်ချက်စောင်းငဲ့
ကြည့်လိုက်လျှင်

If possible ~Where stories live. Discover now