စိတ်လွတ်ကိုယ်လွတ်ငိုကြွေးနေသည့်သူ၏ခန္ဓာ
ကိုယ်လေးကို ကျွန်တော်တင်းကျပ်စွာမလွှတ်ဘဲဖက်ထားမိသလို ညီ့ဦးခေါင်းလေးကိုလက်ဖြင့် ဆက်တိုက်ပွတ်သပ်ပြီးညီ့ကိုရအောင်ကျွန်တော်ချော့မည်။
" ဘာမှမဖြစ်ဘူးနော် ... အစ်ကိုရှိတယ် ......
အစ်ကိုမင်းအနားမှာရှိတယ်နော် ညီ "
ရှိုက်သံများနှင့်အညီ ဆက်တိုက်ရေရွတ်နေ
သည့်ညီ့စကားများကပင် မပီတော့၊ လုံးထွေး
နေသည့်အသံအိုးသေးသေးလေးက ဆက်တိုက်တုန်ယင်နေတော့ ညီ့ခံစားချက်တွေကို ကျွန်တော်တကယ်နားလည်သည်။ ညီလည်းဘာလို့ဒီလိုအဖြစ်တွေမှကြုံနေရတာလဲ ဘာလို့ညီလိုလူကိုမှလဲ ...
" ကျွန်တော့်ကိုမှ ဘာလို့လဲ ... ဟင့် .. ဟက်!
ဘာ ကြောင့် ... ဘာကြောင့်မို့ ကျွန်တော်က
သူ့အမြင်မှာ အဲ့လောက်ရွံစရာကောင်းနေရတာလဲ ... ကျ ... ကျွန်တော်အရမ်းကို အင့်....
အရမ်းခံစားရတယ် အစ်ကိုရယ် "
" ငိုချလိုက် ညီ... စိတ်ရှိလက်ရှိသာငိုချလိုက်၊
တစ်ခါတစ်လေကျစိတ်ကိုအလိုလိုက်လို့မရဘူး
ညီရဲ့ ၊ ငိုချလိုက်နော် ဘာမှအောင့်မထားဘဲ
ငိုချလိုက်နော် ညီ ..... "
ထိုအခါမှ ညီက ကျွန်တော့်ပုခုံးထက်တွင်ပိုလို့ပင် တရှုံ့ရှုံ့ငိုကြွေးပါတော့သည်။ ထွေးပွေ့
ထားမိသည်။ ညီ့ ကိုယ်နွေးနွေးလေးက ပူလောင်မှုဒဏ်ကြောင့်ဖြစ်မည်ထင်သည် ကျောပြင်လေးကတော့ ပူနွေးနွေးဖြင့် ....
သို့သော်လည်း ညီ့ကိုတင်းတင်းကျပ်ကျပ်ပွေ့
ဖက်ထားမိတော့ ခန္ဓာကိုယ်လေးကပင်ကျုံ့ကာ
ကျွန်တော့်ရင်ခွင်ထဲသူ၏ကိုယ်လေး ပျောက်နေခဲ့သည်။
မိနစ်အတော်အတန်ကြာမှာ ညီ့ဘက်ကငိုကြွေး
မှုကို စောနကဘာမှမဖြစ်ခဲ့သည်ဟန်ဖြင့် ချက်ချင်းအငိုတိတ်သွားကာ ကျွန်တော့်မျက်နှာကို ဇီးရွက်လောက်ပင်ရှိသည့်မျက်နှာငယ်လေးဖြင့်မော့ကြည့်သည်..
" ကိုဉာဏ် ... ကျွန်တော်တောင်းဆိုရင် အစ်ကို
တကယ်ဖြည့်ဆည်းပေးမှာလား "
တည်တံ့က ဖြည့်ဆည်းပေးမည့်ဟန်ဖြင့်
ခရောင်မျက်နှာလေးကို သေချာကြည့်ပြီး
အပြုံးတစ်ခုကိုဖန်တီးလိုက်လေလျှင်
" အင်း .... ညီလိုတာသာပြောလိုက် ၊ အစ်ကို
တကယ်ဖြည့်ဆည်းပေးမယ် "
ညီကစကားကိုချက်ချင်းရပ်တန့်ပစ်ကာ အတွေးများနေသလို ခဏတာငြိမ်သက်သွားသည့် စက်ရုပ်လေးတစ်ရုပ်လိုငြိမ်ကျသွားခဲ့သည်။
" ကိုယ်ဘာကူပေးရမလဲ ညီ ... ကိုယ့်ကိုပြောလေ "
" ကျွန်တော်သူ့ကို လက်မလျှော့ချင်သေးဘူး
ကိုဉာဏ် ၊ ကျွန်တော်သူနဲ့အချိန်အကြာကြီး
ဆက်ရှိနေချင်သေးတယ်၊ချစ်ချင်သေးတယ်။
ကျွန်တော့်အချစ်တွေက အပေါစားမှမဟုတ်တာ... သူ့အတွက်တန်ဖိုးမရှိပေမယ့် ကျွန်တော့်
အတွက်တော့တန်ဖိုးကြီးတယ် "
တည်တံ့လည်း ခရောင်၏စကားကြောင့်
မျက်နှာပျက်မိကာ အနည်းငယ်တွေဝေသွားပေ
မယ့် မျက်နှာကိုချက်ချင်းပင် ပြန်ပြင်လိုက်ပြီး
လျှင်
" အင်း ... ညီက ဘယ်လိုဖြစ်စေချင်တာလဲ "
" ကျွန်တော့်ကိုခွဲစိတ်မှုတစ်ခုလုပ်ပေးပါ
ကိုဉာဏ် "
" ဟင် "
ညီ့စကားတွေကို လိုက်တွေးဖို့ပင် မမှီတော့။
ညီတကယ်ဘာဖြစ်ချင်နေတာလဲ ၊ ညီပြောတဲ့
ခွဲစိတ်မှု ? ဒါကကော ဘာလဲ ... ညီဘာတွေ
လျှောက်လုပ်နေတာလဲကွာ... ကိုယ်တကယ်စိုးရိမ်လာပြီ ..........
________________________________________
" မာနကင်းတဲ့
မျက်နှာဖုံးကိုခွာချပြီး
အဆိပ်ပြင်းတဲ့
မျက်နှာဖုံးသစ်နဲ့အတူပြန်လာခဲ့မယ်"
( ခရောင်သွေး )
YOU ARE READING
If possible ~
Fanfiction"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 15 )
Start from the beginning
