တည်တံ့က ခရောင်ကိုစိတ်ပူမိတာကြောင့် နောက်ကနေ ခရောင်သတိမထားမိအောင်သူ့ကားနဲ့ဖြည်းဖြည်းချင်းလိုက်လာမိသည်။
ခရောင်ကားမှတ်တိုင်မှာရပ်နေတာတွေ့လို့
ကားကိုလွတ်တဲ့နေရာမှာထိုးရပ်ပြီး လူကအောက်သို့ဆင်းလာမိတယ် ၊ ကျွန်တော်တို့
ခြောက်ပေအကွာလောက်ရှိပေမယ့် ညီကတော့
ကျွန်တော့်ကိုမမြင်ပါ။ မှတ်တိုင်မှာလည်းညီက
လွဲ၍ မည်သူတစ်ဦးမျှမတွေ့ရ ...
အချိန်မိနစ်အကန့်အသတ်အကြာမှာ မီးပွိုင့်နီပြီဖြစ်လို့ ခြေလှမ်းများရှေ့သို့ဦးတည်ကာခပ်သွက်သွက်လျှောက်ခဲ့ပေမယ့် ဘေးကအရှိန်
ဖြင့်ပြေးဝင်လာတဲ့ ကားတစ်စီးက တတီတီဖြင့်
ဝင်လာမိတော့ ဘာမှမတွေးနိုင်တော့ဘဲမျက်လုံးတစ်စုံကိုဖိပိတ်လိုက်ခိုက် တည်တံ့က
အရောက်ပြေးလာပြီး ခရောင်၏ဘယ်ဘက်လက်ကိုလှမ်းဆွဲလိုက်တော့ ခရောင်၏ကိုယ်မှာ
အရှိန်ဖြင့် တစ်ပတ်လည်မိပြီး တည်တံ့ရင်ခွင်ထဲရောက်ရှိမိ၍ ဘေးကင်းသွားခဲ့ရလေသည်။
" ညီ... ဘာလို့ကားကိုမကြည့်ရတာလဲ!!! ဘာလို့မရှောင်ရတာလဲ ...... အစ်ကိုမေးနေတာဖြေလေ "
ကျယ်လောင်စွာအော်မိ၍ ဆူလိုက်သော်ငြား
အခုထိရင်ခွင်ထဲမှာ ရှူးရှူးရှဲရှဲနဲ့ အသံနိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ ညီ့အသက်ရှူသံတွေက တုန်ယင်ပြီးလန့်သွားမှန်းသိသာလွန်းနေခဲ့သည်
ထိုတော့မှ မျက်နှာငယ်လေးဖြင့်ဖြည်းဖြည်းချင်းမော့ကြည့်လာတဲ့ ညီ့မျက်ဝန်းအိမ်မှ
မျက်ရည်တွေကကျဆင်းဖို့ စောင့်မျှော်နေခဲ့တယ်။
" ကိုဉာဏ် "
တည်တံ့၏ကုတ်ပိုးကနေ လက်နှစ်ဖက်ဖြင့်
သိုင်းဖက်လိုက်ကာ ပုခုံးပေါ်မေးတင်ပြီးမျက်ရည်များရွာသွန်းပါတော့သည်။
" ကျ ... ကျွန်တော့်ကိုဘာလို့ အခုလိုလုပ်ရက်
ရတာလဲ .. ဘာလို့ကျွန်တော့်ကိုတချက်လေးတောင်လှည့်မကြည့်ဘဲ ထွက်သွားရတာလဲ!
ဘာ .. ဘာလို့ ... ဟင့် တကယ်ပဲကျွန်တော့်
အမှားလေးက တစ်ဘဝလုံးစာ ခွင့်လွှတ်လို့
မရတဲ့အမှားမျိုးဖြစ်သွားတာလား .. အင့် !!
ကျွန်တော် ... ကျွန်တော်ဘာဆက်လုပ်ရမလဲ
ကျွန်တော်ပင်ပန်းတယ် ကိုဉာဏ် "
KAMU SEDANG MEMBACA
If possible ~
Fiksi Penggemar"ရှုံးနိမ့်မှာကိုသိရက်နဲ့ နောက်ဆုတ်ခဲ့တာမဟုတ်ဘူး " " နောင်တရမှာကိုသိရက်နဲ့ ရှေ့ဆက်တိုးခဲ့တာ " ( ခရောင်သွေး )
If Possible ( Part - 15 )
Mulai dari awal
