If Possible ( Part - 15 )

Start from the beginning
                                        

" မနာပါဘူး ကိုဉာဏ်. ကျွန်တော်အဆင်ပြေ
ပါတယ် "

" ကိုယ်ဆိုင်ပိတ်လိုက်တော့မယ် ညီ၊ ညီ့ကို
လိုက်ပို့ပေးမယ် "

" ရပါတယ်၊ ကျွန်တော်တက္ကစီငှားပြီးပြန်လိုက်ပါ့မယ် "

ထိုအခါ စိုင်းယံကလည်း စကားဝိုင်းထဲဖြတ်လု
၍ ဆိုလာသည်။

" အစ်ကိုတည်တံ့ရဲ့ ကားနဲ့ပဲအိမ်ပြန်လိုက်ပါ
ခရေ ၊ မဟုတ်လို့မှ လမ်းထပ်လျှောက်ရင်
ခြေထောက်ရောင်ကိုင်းလာပြီး လုံးဝလမ်းလျှောက်မရဖြစ်နေမယ် "

" ရပါတယ် စိုင်းယံ ၊ အပြန်ဝင်စရာလေးလည်း
ရှိသေးလို့ပါ အားလုံးစိတ်ပူပေးလို့လည်းကျေးဇူးတင်ပါတယ်။ ကျွန်တော်တကယ်အဆင်ပြေတာမို့ပါ "

" ညီ... "

" နော် ကိုဉာဏ် ၊ ကျွန်တော့်ကိုယုံပါ "

သက်ပြင်းရှည်ရှည်တစ်ခုကို ရှုသွင်းပြီးမှ
ရှုထုတ်လိုက်မိတယ်။ ညီ့စကားကိုကျွန်တော်
မနိုင်တော့ ... စိတ်ရှိလက်ရှိတိုင်းသာဆို ကျွန်တော်ရအောင်တားနိုင်ပေမယ့်လည်း ညီ့
စိတ်ထဲအလိုမကျမှာစိုးလို့ ၊ ထပ်ပြီးမနာကျင်စေချင်လို့ကို အရာအားလုံးအလျှော့ပေးနေခဲ့တာ။

" အင်း ... ဒါဆို ပြန်တော့ ၊ အိမ်ရောက်ရင်ကိုယ့်ကိုဖုန်းဆက် "

" ဟုတ်ကဲ့ ကိုဉာဏ် "

" လမ်းသတိထားလျှောက် ကားအရမ်းရှုပ်တယ် "

" ဟုတ် ၊ ဒါဆိုကျွန်တော်သွားပြီနော် "

တည်တံ့က ခေါင်းသာတစ်ချက်ညိမ့်ပြလိုက်ပြီး
ဘာတစ်ခွန်းမှပြန်ပြောလာခြင်းမရှိတော့တာမို့
ခရောင်လည်း ဆိုင်ထဲမှထွက်ခွာသွားခဲ့သည်။

လမ်းကြီးကချောက်ကပ်ကပ် လူအများအပြား
ရဲ့ အရိပ်အယောင်တောင်မတွေ့ရဘူး။
ဘယ်အချိန်ရှိပြီမို့လို့လဲ ... အခုမှ ၈နာရီပင်
ရှိသေး ၊ ကျွန်တော်အားစိုက်ပြီး တွန့်ဆုတ်ဆုတ်
ဖြင့် လျှောက်လမ်းလာခဲ့သည်။ ကျွန်တော့်ပုံစံ
ကိုအထူးတလည်ကြည့်သွားခဲ့တဲ့ သူများလည်း
မတွေ့ရ။ ခေါင်းကလည်းသေလောက်အောင်
မူးနေသလို ခြေထောက်ကလည်း ကျိုးမတတ်
ကိုနာကျင်နေခဲ့တယ်။ နာကျင်မှုဒဏ်တွေက
တစ်လှည့်စီကူးပြောင်းပြီး ဒုက္ခပေးနေတော့
လူပင်အသက်မရှင်ချင်နိုင်တော့ ၊ တကယ်လည်းပင်ပန်းနေပြီ။ အရှုံးတော့မပေးချင်ခဲ့ဘူး
ကားမှတ်တိုင်တစ်ခုစီ ဦးမတည်ဘဲတည့်တည့်
မတ်မတ်ရောက်ရှိသွားခဲ့သည်။ ဟိုဘက်ကမ်း
သို့ဖြတ်ကူးမည်ကြံသော်လည်း မီးပွိုင့်စိမ်း
နေသေးတာမို့ ကားများက အပြိုင်အဆိုင်မောင်းနှင်နေကြတယ်။

If possible ~Where stories live. Discover now