"ချင်အာ နင်ကားမောင်းမှာလား ခန ငါလည်းလိုက်မယ်လေ "

"မလိုဘူး ပေါ်လေးဆီသွားကြည့်အုံး ရှောင်က နိုင်ငံခြားသွား နေတာ ဂရုမစိုက်ရင်ပြောနေအုံးမယ် တစ်ခုခုဆို ငါ့ ဆီအရင်ဖုန်းဆက်ကြားလား"

"အေးအေး"

"ဝူးးးး......"

မျက်စိရှေ့က မောင်းထွက်သွားတဲ့ကားလေး မြင်ကွင်းကပြောက်ပြီဆိုတာနဲ့ ယွီပင် လည်းခြံထဲကနေ အိမ်မကြီးဆီ သွားဖို့ ဟန်ပြင်ရတော့တယ် ။ ဘော့စ် ရဲ့အသည်းလေးဆီသွားပြီးဂရုစိုက်ပေးရအုံးမယ်လေ။ယွီပင်ဒုက္ခမသေးလှပါတကား။

"ကြီးချို သားဗိုက်စာပြီ ဘာဟင်းလည်း"

"အမလေး ပေါ်လေးရယ် လှလိုက်တာ "

ရှပ် အဖြူလေးနဲ့ အိမ်နေရင်းချည်သားဘောင်ဘီအဖြူလေးပါဝတ်ဆင်ထားတဲ့ အဖြူရောင်းနတ်သားလေး ဟာ အလှထိပ်ခေါင်တင်လေးလား ဘာမှပြင်ဆင်မှုမရှိတာကိုတောင်ဒီလောက်လှရက်နေတာ။

"ဟာ  ကြီးချိုကတော့ ခစ် ခစ် စနေပြန်ပြီ စားစရာတွေသာ လာချပါအုံး သားဗိုက်စာလှပြီ"

"ဟုတ်ပါပြီတဲ့ရှင့်  တော်လေးရဲ့ ကျဲ ချင်အာက မနက် အိမ်ကြီးဆီလာပြီး ပုစွန်ဆန်ပြုတ် လာလုပ်ပေးသွားတယ် ကြားကြားမိုးကြိုးတော့ သူ့ဝမ်းသူတောင် မချက်စားတဲ့သူကလေ"

"ဟားဟားဟား ကျဲကိုအဲ့လောက်‌မြှောက်မနေပါနဲ့ ကြီးချိုရယ် လာချတော့။အဲ့တာ ကျဲက သားကိုချစ်လို့လုပ်ပေးတာလေ သားတစ်ယောက်ထဲကို‌ပေါ့"

"ဟုတ်ပါပြီတဲ့ အကိုတော်လေးရယ် နွေးနေလို့ပါ ရှင့် သူ့ကျဲချက်ပေးတယ်ဆိုတာနဲ့ ဆန်ပြုတ်တောင်သောက်မတည့် တယ်လည်းလိုက်တဲ့မောင်နှမတွေ"

"ခစ် ခစ် ကြီးချို မနာလို ဟားဟား"

"ဟုတ်ပါ့ မနာလိုဖြစ်တာပေါ့ ကယ် ရပြီ စားပါရှင်"

ဆန်ပြုတ်ပန်ကန်လေးချပေးလိုက်တာနဲ့ တစ်ဖူးဖူးမှုတ်သောက်နေတဲ့ ပေါ်လေးကြောင့် ကြီးချို ပြုံးလိုက်မိတယ် ။ဒီကောင်လေးက ‌ရှောင်ကျန့်တင်မကချင်အာရဲ့အချစ်ခံလေးဆိုလည်း မမှားပါ။

Mafia ရဲ့အချစ်တော်လေး [Mafia ရဲ့အချစ်တော်လေး] Where stories live. Discover now