ep-31

384 16 1
                                    

ကိုယ့်ဘဝရဲ့လေပြေညင်း

condoတစ်ခုရဲ့ living room တည်းမှာ
၃ယောက်ဆိုင်ထိုင်နေကြတဲ့
ကောင်လေး၃ယောက်ရှိသည်။

ကောင်လေးတစ်ယောက်က အခြားကောင်လေးတစ်ယောက်ကို ကြက်သားချဥ်စပ်ကြော်(Moclond)
ကို သူလက်နဲ့ ယူကာ
အသာအယာ ခွန်းကျွေးနေသည်။

တစ်ချိန်တည်းမှာပဲ ထိုကောင်လေး၂ယောက်ကို
ကြည့်ရင်း ပါးစပ်ကြီးဟောင်းလောင်းနဲ့
မျက်လုံးပြူးနေတဲ့
ကောင်လေးကလည်း စိတ်ညစ်ဟန်နဲ့
ရှိနေပြန်သည်။

ကံတရားကြီးရယ် RS တွေက
ကျွန်တော်လို Singleစစ်စစ်လေးကို
ကြည့်လို့မရအောင် လာလုပ်နေတယ်။

ကူညီ ဆောင်မပေးပါအုံးဗျ.!
ကောချန် မျက်နှာကြက်ကို ကြည့်ပြီ
ဆုတောင်းနေခြင်းဖြစ်သည်။

တကယ်ကို သူဒီမှာ ဆက်နေရင်
သွေးတက်ပြီ သေတဲ့
မသာဖြစ်လိမ့်မယ်။

ကူညီပေးကြပါအုံး..Please..

ကောချန် မျက်နှာကြက်ကို
ကြည့်ရာကနေ သူအရှေ့က အRoမပြတ်တဲ့
အတွဲကို ကြည့်ကာ သူလက်ထဲက
တူကို ခေါက်ဆွဲပန်းကန်ထဲကို
အားပါးတရ ထိုးစိုက်နေသည်။

အဟမ်း....

သူခေါင်းဆိုးပြတာတောင်
သူကို လုံးဝမကြည့်လာတဲ့
ဒီအတွဲက သူကို
ရှိတယ်လို့တောင် ထင်သည်မပေါ်။

ကြာလာတော့ ကောချန်တို့
တင်းပြီလေ။

"ဟာ ငါပြောစရာရှိလို့လာတာနော်..
မင်းတို့Roတာကို ငါကြည့်ဖို့မဟုတ်ဘူးနော်
ရိပေါ်နဲ့ယောက်ဖ.."

"စိတ်မဆိုးပါနဲ့ ကောချန်ကလည်း
မင်းမသိလို့ ငါက ကျန့်ကောနဲ့ မနေ့ကမှ
ပြန်တွေရတာကို.."

သူပြောတော့ သူကို မျက်လုံးလေး
ကလယ်ကလယ်နဲ့ ပြောလာတဲ့
အမောင်ရိပေါ်ကို သူစိတ်ထဲမှာ
ပိတ်ရိုက်ချင်စိတ်တွေ ကောချန်
ထနေသည်။

ကောချန် မင်းစိတ်ရှော့..
စိတ်ရှော့ထားလိုက်...

ဝမ်ရိပေါ်ဆိုတဲ့ သူရဲ့ဂေါ်မစွန်းတဲ့
သူငယ်ချင်းက အခုချိန်မှာ ကောင်လေးရနေပြီမို့
အားကိုရှိနေပြီ။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now