EP-5

595 41 1
                                    


ကိုယ့်ဘဝရဲ့လေပြေညင်း

"ဒါက အရင်လရဲ့စာရင်းချုပ်ပါ CEO"

"မင်းသေချာစစ်ပြီးပြီလား?"

ရိပေါ် သူကိုကျောပေးပြောနေတဲ့
CEOက အခုထိသူဘက်ကိုလှည့်မလာသေးပဲ
မေးလာတဲ့ မေးခွန်းကို သူဘက်က အမြန်တုန့်ပြန့်လိုက်သည်။

"စစ်ပြီးပါပြီဗျာ"

ရိပေါ် ပြန်ဖြေရင်းနဲ့
CEOရဲ့နာမည်ကို တစ်ချက်တွေ့သွားသည်။
SEAN.XIAOဆိုပဲ..

"ဒါဆိုပေး"

ရိပေါ် CEOရဲ့လက်ထဲကို
Fileကို လွဲပြောင်းပေးလိုက်ပြီ
သူနေရာလေးမှာ သွားရပ်နေသည်။

ဟင့်
ကျန့်ကော!!!
ရိပေါ် သူမျက်လုံးကို တစ်ချက်ပွတ်ကြည့်လိုက်သည်။
တကယ်ကြီး ကျန့်ကောပါ
မဟုတ်သေးပါဘူး။

"ကိုယ့်ကို ဘာကြောင့်အဲလောက်ထိကြည့်နေတာလဲ?"

ရိပေါ် ထွက်လာတဲ့ အေးစက်လွန်းတဲ့ အသံကြောင့်
ပြန်ဖြေမဲ့ အသံတွေပါ တုန်သွားသည်။

"မကြည့်ပါဘူးဗျာ...."

သေစမ်း!
ဒီပါးစပ်က ဘာလို့လိမ်လိုက်တာလဲ?
လိမ်တဲ့ပုံကလည်းကွာ..
ရိပေါ် ကျန့်ကောလား? CEOလား?
မသိတဲ့ လူက Fileကို တစ်ဆင့်ပေးလိုက်တာနဲ့ ခေါင်းငြိမ်ပြီ ထွက်လာခဲ့သည်။

"ရိပေါ်"

"ဟာ~"

ရိပေါ် ခြေထောက်တွေရပ်တန့်သွားသည်။
တစ်ဖြည်းဖြည်းသူဆီကို လှမ်းလာတဲ့ ဘယ်သူမန်းမသိတဲ့လူ...

"ဘာကြောင့်ကိုယ့်ကို ထားခဲ့တာလဲ? ကိုယ့်ကရိပေါ်ကို ဆေးရုံမှာ မနေ့ကတစ်ရက်လုံးမျှော်နေတာကို"

"ဟာ~"

ရိပေါ် ​ကြောင်သွားသည်။
ဒါဆို CEOက ကျန့်ကောပေါ့
သူကို ကျန့်ကောက တစ်ရက်လုံးမျှော်နေတယ်
ကျန့်ကော သူကိုမမှတ်မိဘူးမလား?

"ဒီကCEOက.."

"ကျန့်ကောလေ ရိပေါ် ကိုယ့်ကိုမမှတ်မိတာတော့မဟုတ်ဘူးမလား?"

"မှတ်မိပါတယ်"

"ဒါဆိုရိပေါ်က ဘာလို့ကိုယ့်ကို မတွေ့ဖူးတဲ့လူလို့လုပ်နေရတာလဲ?"

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now