EP-4

662 43 1
                                    


ကိုယ့်ဘဝရဲ့လေပြေညင်း

ရိပေါ် ရှောင်းကျန့်ကို
ကူသာကူညီတာ ရှောင်းကျန့်က ဘယ်လိုလူ
ဘာတွေလုပ်တယ် သူမသိဘူး။

သိလည်းမချင်ဘူး~

သူသိတော့လည်း ဘာတွေထူးလာမှာမို့လို့လဲ?
သေချာတာတော့ သူရှောင်းကျန့်ကို မျက်လုံးမြင်ရအောင်အထိ ကူညီပေးချင်တာပဲ...

ကုသိုလ်ကို ရတုန်းလေယူထားရမယ်လေ..

///////////////

ရိပေါ်သူလက်ထဲက ထမင်းဘူးကို
ယူပြီ companyကို သွားဖို့ပြင်နေသည်။

ရှောင်းကျန့်က ခေါက်ဆွဲကို စားနေသည်..
ထူးဆန်းတာက မျက်မမြင်တွေက ခေါက်ဆွဲစားတက်တယ်တဲ့

သူတို့မှ ထူးခြားတဲ့စွမ်းအင်တွေရှိတယ်ဆိုတာ
ရိပေါ်ယုံသည်။

"ရိပေါ်"

"ဟာ~"

"ကိုယ့်အကြောင်းကို မသိချင်ဘူးလား?"

"ဟင့်အင်း ခင်ဗျားအ​ကြောင်းကို မသိချင်ပါဘူး
ဒါပေမဲ့ သိတော့သိချင်ပါသေးတယ်"

ရိပေါ် ဘာကြောင့်နှစ်ပတ်ရိုက်စကားကြီး
ပြောမိပါလိမ့်

ရှောင်းကျန့်ဆီက တစ်ခြားအသံမထွက်လာတာမို့
ရိပေါ် လွယ်အိတ်ကို ကောက်လွယ်လိုက်ကာ
companyသွားရန်ပြင်လိုက်သည်။

"ဒါနဲ့ ရှောင်းကျန့် ခင်ဗျားအသက်ဘယ်လောက်လဲ?"

သူမေးခွန်းကြောင့် ရှောင်းကျန့်ရဲ့
နှုတ်ခမ်းထောင့်လေးက ကွေးသွားခဲ့တာ
ရိပေါ်မြင်ကိုမြင်လိုက်ပါသေးသည်။

"၃၀"

"၃၀ကျွန်တော်ထက် ၆နှစ်တောင်ကြီးတာပဲ"

ရိပေါ် ရှောင်းကျန့်ကို သူထက်ကြီးလောက်လည်း
၁နှစ်၂နှစ်လောက်ပဲထင်လို့ ခင်ဗျားခင်ဗျားနဲ့ ပြောနေတာ အမလေး ​ငရဲအိုးထဲတော့ အတောင့်လိုက်ကြီး ကျတော့မှာပဲ။

မဖြစ်ဘူး
မဖြစ်ဘူး ဝမ်ရိပေါ် မင်းအခေါ်အဝေါ်တွေ
ပြောင်းခေါ်ရမယ်...
စဥ်းစားစမ်း..ဘယ်လိုခေါ်ရင်ကောင်းမလဲ?
ရှောင်းကျန့်ဆိုတော့ မျိုးရိုးကရှောင်း ကျန့်ကနာမည်အရင်း ဒါဆို ကျန့်ကော!!
အင်း ခေါ်လို့ကောင်းတယ်ကျန့်ကော

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now