ep-19

315 14 1
                                    


ကိုယ့်ဘဝရဲ့လေပြေညင်း

(Baby baby)

ရိပေါ်အိပ်နေရာက
သီချင်းသံကြားတာမို့
မျက်လုံးကိုအသာလေး
ဖွင့်လိုက်သည်။

ရိပေါ် အိပ်ရာနိုးနိုးချင်း
သူကို ထိုင်ကြည့်နေတဲ့ ကျန့်ကောကြောင့်
လန့်သွားသည်။

ဘယ်လိုလုပ် ထိုင်ပြီးကြည့်နေတာလဲ.?

"ရိပေါ် လန့်သွားတာလား.?
တောင်းပန်ပါတယ်"

"မဟုတ်တာ ရုတ်တရက်ဆိုတော့
နည်းနည်းတော့ စိတ်ထဲ ထားပါ
ကျန့်ကောက စောစောစီးစီး ကျွန်တော်အခန်းထဲကို
ဘယ်လိုလုပ် ရောက်နေရတာလဲ.?"

သူပြောတော့ ပြုံးစိစိနဲ့
သူမျက်နှာနဲ့အကွာအဝေးနီးနီးကို
ကပ်လာတဲ့ ကျန့်ကောကြောင့်
ရိပေါ် ရင်ထဲမှာ ဇောက်တိမ်ငလျင်လှုပ်နေသလို
အခုန်မြန်နေသည်။

"ရိပေါ်ကို ချစ်ကြောင်းလာပြောတာ"

"......"

"ရိပေါ်ကော ကိုယ့်ကိုချစ်လားဟင်.?"

သူကို မျက်လုံးကလယ်လယ်နဲ့
လာမေးတဲ့ ကျန့်ကောကြောင့်
ရိပေါ်သူဘက်ကပဲ အကြည့်လွဲလိုက်သည်။

"ဒီနေ့က လန်းဆန်းသလိုပဲ"

ရိပေါ် အိပ်ရာပေါ်မှာ
ကုန်းထလိုက်ကာ
ကျန့်ကောကို စကားလမ်းကြောင်းလွဲလိုက်သည်။

ရှောင်းကျန့် သူမေးတာကို
ပြန်မဖြေပဲ စကားလမ်းကြောင်းကို
လွဲလိုက်တဲ့ ရိပေါ်ကြောင့်
ပြုံးရပြန်ပါသေးသည်။

ကောင်လေးရယ် မင်းဘယ်အထိ
ကိုယ့်ပြောတဲ့အချိန်တိုင်း
စကားလမ်းကြောင်းလွဲနိုင်မှာတဲ့လဲကွာ။

"အင်း ဟုတ်သားပဲ
ဒီနေ့က လန်းဆန်းတယ် ဒါပေမဲ့
ကိုယ့်အတွက်တော့ ရိပေါ်ရဲ့အပြုံးတွေက
ပိုပြီးကိုယ့်ကိုလန်းဆန်းစေတယ်"

"ထင်လိုပါ ကျွန်တော်မျက်နှာ
သွားသစ်လိုက်အုံးမယ်"

ရိပေါ် ကျန့်ကောရဲ့စကားကြောင့်
ရန်ခုန်မြန်လာတဲ့ နှလုံးသားကို
လျစ်လျူရှုလိုက်ကာ
ရေချိုးခန်းထဲကို အမြန်ပြေးဝင်လိုက်သည်။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now