ep-17

362 18 1
                                    


ကိုယ့်ဘဝရဲ့ လေပြေညင်း

ရိပေါ် Hotelကိုအပြန်
တွေ့နေရတဲ့ စုံတွဲတွေရဲ့
Roချက်ကြောင့် မျက်ခုံးတွေကျုံသည်ထက်
ပို၍ကျုံလာခဲ့သည်။

တကယ်ပဲ ဖြစ်ပျက်နေလိုက်တာ
ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်သည်
အထိကိုပဲ။

လူဖြစ်လာပြီဆိုတာနဲ့
ပတ်ဝန်းကျင်ကိုတော့
ဂရုစိုက်ဖို့တော့ ကောင်းပါရဲ့။

ရိပေါ် ထိုအတွဲတွေကို
ကြည့်ပြီး သူအခန်းထဲကိုသာ
အမြန်ပြန်လာခဲ့တော့သည်။

ရိပေါ် သူအခန်းတံခါးကို
ပိတ်ပြီး လမ်းလျှောက်လိုက်တာ
နေရာအတော်နှံ့သွားပြီး ဖြစ်တာမို့
ပင်ပန်းတာကြောင့် အိပ်ရာပေါ်ကို
ပစ်လဲလိုက်သည်။

သူဘေးနားက ဆောင်ပုံကြီးက
ရိပေါ် ကြည့်လိုက်ပေမဲ့
မျက်လုံးက အတော်ကို
စင်းလာတာမို့ အိပ်သာအိပ်ပျော်သွားခဲ့သည်။

////////////

"အား!!"

ရိပေါ် နိုးလာတော့
သူမျက်လုံးဖွင့်ဖွင့်ချင်း တွေ့လိုက်တဲ့
ကျန့်ကောကြောင့် အော်မိသည်။

"ဟာ..ဟာ... ရိပေါ် ဘာဖြစ်လို့လဲ.?"

သူအော်သံကြောင့် မျက်လုံးမှိတ်ကာ
အိပ်နေတဲ့ ကျန့်ကောက
သူကို ကျန့်ကောရင်ခွင်ထဲ
ဆွဲသွင်းလိုက်တာကြောင့် ရိပေါ်
အူကြောင်ကြောင်နဲ့ ကျန့်ကောရဲ့
လျင်မြန်စွာ ခုန်နေတဲ့
နှလုံးခုန်သံကို ကြားနေရသည်။

2minutesလောက် ကြာမှ
ရိပေါ် ရှောင်းကျန့် ရိပေါ်ထဲက
အသာထွက်ပြီး ကျန့်ကောကို
ကြည့်လိုက်သည်။

"ကျန့်ကောက ဘယ်လိုလုပ်ပြီး
ကျွန်တော်အိပ်ရာပေါ်က ရောက်နေတာလဲ.?"

"ကိုယ့်က"

ရှောင်းကျန့် မနေ့ကအကြောင်းကို
​တစ်ချက်memoryထဲ
ပြန်တူးဆွလိုက်သည်။

မနေ့က Denကရိပေါ်အခန်းထဲက
ပြန်သွားတော့ သူက ရိပေါ်အလာကို
စောင့်နေခဲ့သည်။

ရှောင်းကျန့် နာရီကိုတစ်ချက်
ကြည့်လိုက် ခုံပေါ်မှာထိုင်လိုက်
မတ်တပ်ရပ်နေလိုက်
နောက်ဆုံးမှာ ရိပေါ်ကုတင်ပေါ်မှာ
သွားလဲနေရင်း ရိပေါ်အလာကို
စောင့်နေခဲ့သည်။

ကိုယ့်ဘဝရဲ့လေပြေညင်းحيث تعيش القصص. اكتشف الآن