ep-16

348 18 1
                                    

ကိုယ့်ဘဝရဲ့လေပြေညင်း

ရှောင်းကျန့် ရိပေါ်အိပ်သွားတာနဲ့
ရိပေါ် နဖူးလေးကိုနမ်းလိုက်ပြီ
ရိပေါ် အခန်းထဲမှာ
အသာအယာ ထွက်လာလိုက်သည်။

ရှောင်းကျန့် ရိပေါ်အဆီမှာ
အပြန်လာမှာ ကျိရန်ဆီကို
ခဏထွက်လာခဲ့သည်။

အမောင်ကျိရန်ဆီက သူလိုချင်တဲ့
အရာကို ရပြီလားလို့
လာမေးရင်နဲ့  ရှောင်းကျန့်
ငူငူကြီးထိုင်နေမိသည်။

ကျိရန် မျက်နှာသိပ်မကောင်းသော
အကိုကျန့်ကြောင့် သူလက်ထဲမှာ
ယူလာတဲ့ အရာကို မသိမသာတာ
စားပွဲပေါ်ကို တင်ထားလိုက်သည်။

"အကိုကျန့် ဘာဖြစ်နေတာလဲ.?
မျက်နှာကြီးက ဘီလူးမသံပရာသွးကိုက်ထားတဲ့
ပုံစံကြီးနဲ့"

ရှောင်းကျန့် သူကမှ စိတ်ညစ်နေပါတယ်ဆို
ကျိရန်က သူကို ဘီလူးမနဲ့
လာနှိုင်းနေတာမို့ စိတ်က
ပိုပြီးညစ်ရပါသည်။

"မင်းဘကို ဘီလူးသံပရာသီးကိုက်ထားတဲ့ရုပ်
စိတ်ညစ်နေတာကို"

"အကိုကျန့်ကလည်း စိတ်ကြီးပဲ
ပြောပါကြည့်လေ ဘာလို့စိတ်ညစ်နေတာလဲ.?"

ရှောင်းကျန့် သက်ပြင်းချကာ
ရိပေါ်နဲ့သူရဲ့ အခုပုံစံကို
ပြောပြလိုက်သည်။

တကယ်ပဲ သူရိပေါ်ကို
နားမလည်သလို။

ကောင်လေးက အေးတိအေးစက်နဲ့
သူရိပေါ်ကို အဖြေပြန်တောင်းတဲ့အချိန်ကျတော့
စကားလမ်းကြောင်းကို လွဲပစ်လိုက်တယ်။
သူအဖြေတောင်းတိုင်းကိုပဲ
မျက်လုံးလေးက ကလယ်ကလယ်နဲ့
အဖြေလည်း ပြန်မပေးတက်ဘူး။

"အင်း အကိုကျန့် ပြောတာကို
ကျွန်တော်နားထောင်ကြည့်သလောက်ကတော့
အကိုကျန့်နဲ့ အကိုရိပေါ်က
အရင်က ကျွန်တော်နဲ့ ဟောက်ရွမ်းရဲ့
အဖြစ်အတိုင်းပဲ ဟောက်ရွမ်းက
ကျွန်တော်ကို လိုက်လိုက်အဖြေတောင်းတယ်
ကျွန်တော်ကလည်း ဟောက်ရွမ်းအဖြေတောင်းတဲ့အချိန် အခုရိပေါ်လုပ်သလိုပဲ စကားလမ်းကြောင်းတွေလွဲပစ်ခဲ့တာ"

ကျိရန် သူပြောတော့
သူကို ပါးစပ်ဟောင်းလောင်းနဲ့ပဲ
ကြည့်နေတဲ့ အကိုကျန့်က
ပါးစပ်တွေ လှုပ်လာတာမို့
အကိုကျန့်ကို မျက်စာပင့်ပြလိုက်သည်။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now