EP-3

696 43 1
                                    


ကိုယ့်ဘဝရဲ့လေပြေညင်း

ရှောင်းကျန့်ရဲ့ ချီမွမ်းစကားကြောင့်
ရိပေါ်ဘယ်လိုမန်းမသိတဲ့ ခံစားချက်နဲ့ပြုံးနေမိသည်။
ရှောင်းကျန့်ရဲ့ စကားတစ်ခွန်းချင်းက သူရင်ဘက်ထဲအထိ နေရာယူလွန်းပါသည်။
[လူကကျနေရာမယူဘူးလား🤣]

"ပြုံးနေတယ်မလား? ကိုယ်သာမျက်လုံးမြင်ရင်
မင်းအပြုံးကြောင့် သေမိမှာ"

ရှောင်းကျန့်စကားကြောင့်
ရိပေါ် ရင်ခုန်မြန်လွန်းနေတဲ့
နှလုံးသားကြောင့် ကြောင်နေမိသည်။

ဒီရှောင်းကျန့် ဘာစကားတွေလာပြောနေတာလဲ?
သူကို ဒီလိုစကားတွေလာပြောတာ သူရင်မခုန်ဘူးများထင်နေလားမသိဘူး~

ဒီရင်ဘက်က ဘာကြောင့်
ပေါက်ထွက်မတက် ခုန်နေရတာလဲ?

စဥ်းစားလို့ကို. မရဘူး။

ရိပေါ် တွေးရင်နဲ့ ရှောင်းကျန့်ကို
တစ်ချက်လောက်ရိုက်လိုက်သည်။

"အာ~
ကိုယ့်ကို ဘာလို့ရိုက်တာလဲ?"

"ရိုက်ချင်လို့ဗျာ"

ရိပေါ် ရှက်ရှက်နဲ့ပြောလိုက်သည်။
ဒီလူကြီးကို ဘာလို့လုပ်ရိုက်မိသွားပါလိမ့်
လက်စုတ်ရယ်

အေးအေးလူးလူး နေတက်တဲ့ ဝမ်ရိပေါ်ရဲ့ imageတော့ ပျက်ပါပြီ
တကယ်ကို cool guyဆုကို
မရတော့ပါဘူး။
ဒီရှောင်းကျန့်ကြောင့်နဲ့။

"ရော့"

ရိပေါ် ပန်းအဖြူရောင်နဲ့ယွမ်၂၀ပေးပြီ
ထွက်လာလိုက်သည်။

ရိပေါ် ထွက်သွားတာနဲ့ ကောင်လေးတစ်ယောက်က
ကြည်နူးစရာကောင်းလွန်းလှတဲ့ အပြုံးကို ပြုံးပြီ သူပေးခဲ့တဲ့ နှင်းဆီပန်းအဖြူရောင်ကို လှလှပပ နမ်းနေခဲ့တယ် ဆိုတာကို
ရိပေါ်မသိမှာအမှန်....
ဘယ်သိမလဲ? ရှက်ရမ်းရမ်းပြီ
ထွက်ပြေးသွားတာကို..

////////////////

"ရိပေါ်"

ရိပေါ် computerကို
မျက်နှာနဲ့ မိတ်ဆက်နေချိန် သူနောက်က
ခေါ်လာတဲ့ အသံတစ်ခုကြောင့်
mouseပေါ်တင်ထားတဲ့ လက်တွေကို ဖြည့်လိုက်ပြီ
အနောက်ကို လှည့်လိုက်သည်။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now