EP-8

535 36 2
                                    


ကိုယ့်ဘဝရဲ့လေပြေညင်း

ရှောင်းကျန့် ရိပေါ်ထွက်သွားတော့
တွေးမိသည်။
ရိပေါ်က လူကောဟုတ်ရဲ့လားလို့
နတ်သားလေးများလားလို့။

စိတ်သဘောထားပြည့်စုံလိုက်တာ
ရိပေါ်လေးက

မားဆီကို ဖုန်းဆက်ပြီ
ရှောင်းကျန့် အားလုံးကို
ပြောပြပေမဲ့ မားက လက်မခံချင်သလိုဖြစ်နေသည်။
မားလက်မခံချင်လည်း ဒါက အမှန်တရားမို့
​ပြောင်းလဲသွားမှာမဟုတ်ဘူး။

ရှောင်းကျန့် မားကို
ဖုန်းဆက်ပြောပြီး မျက်လုံးစင်းတာနဲ့
ခဏအိပ်လိုက်သည်။

//////////////

ရိပေါ်က ခေါက်ဆွဲစားခိုင်းတာကြောင့်
ရှောင်းကျန့် ကုပ်ကုပ်နဲ့ ခေါက်ဆွဲတွေကို
ပါးစပ်ထဲထည့် နေရသည်။

ရိပေါ်ဘက်က စကားစမပြောလာတာမို့
ရှောင်းကျန့် ငြိမ်နေမိသည်။

"ရိပေါ်"

ရိပေါ်စကားစပြောလည်း
ဘာအရေးလဲ? သူဘက်ကစပြောလိုက်မှာပေါ့။

"ဟာ~"

ရိပေါ်ရဲ့ ပြန်ထူးတဲ့အသံလေးက
သိပ်ချစ်ဖို့ကောင်းသည်။
သူသာ အခုမျက်လုံးမြင်ရင် သေချာပေါက်
ရိပေါ်ရဲ့ အူကြောင်ကြောင်ရုပ်လေးကိုပါ
သူမြင်ရမှာ~

"ကိုယ့်အကြောင်းကို မသိချင်ဘူးလား?"

"ဟင့်အင်း"

ဘယ်လိုရီးလဲ ကောင်လေးရယ်
နည်းနည်းပါးပါးတော့
အင်းလေ ပြောရမှာပေါ့။
စိတ်မကောင်းဖြစ်သွားမိပြီ
ကောင်လေးရယ်~

"ခင်ဗျားအကြောင်းကို မသိချင်ဘူး
ဒါပေမဲ့ သိတော့သိချင်ပါ​သေးတယ်"

ရိပေါ်ရဲ့ နောက်ဆက်တွဲစကားကြောင့်
စိတ်မကောင်းဖြစ်နေတဲ့စိတ်တွေ ဘယ်ရောက်သွားမန်းမသိတော့~
မသိချင်တာနဲ့ စာရင်တော့
ကောင်းတာပေါ့။

"ဒါနဲ့ ရှောင်းကျန့် ခင်ဗျားအသက် ဘယ်လောက်လဲ?"

ရိပေါ်ရဲ့အမေးကြောင့်
ရှောင်းကျန့် မသိမသာပြုံးမိသည်။

"၃၀"

"၃၀ကျွန်တော်ထက် ၆နှစ်တောင်ကြီးတာပဲ"

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now