EP-6

546 38 1
                                    


ကိုယ့်ဘဝရဲ့လေပြေညင်း

ဝမ်ရိပေါ်!!
နာမည်လေးက ထူးဆန်းသလို
လူလေးကလည်း ထူးဆန်းပါပေတယ်။
အသက်က ၂၄နှစ်
သူထက်၆နှစ်ငယ်တယ်။
ချစ်စရာပါးဖောင်းဖောင်းကြီးတွေနဲ့
နှာတံလုံးလုံးလေးက ထိုကောင်လေးရဲ့
ဆွဲဆောင်မှုတစ်ခု....

ရှောင်းကျန့် အိမ်အပြန်ကို
အတွေးပေါင်းများစွာနဲ့ ပြန်လာခဲ့သည်။

တီ..တီ..တီ

ရုတ်တရက် လာတဲ့ မားဆီက
ဖုန်းကြောင့် ရှောင်းကျန့် ဖုန်းကိုကောက်ကိုင်လိုက်သည်။

"Helloမား"

"သားခဏနေပြန်ရောက်မယ်မား"

ဒုံ!!!.....
ရှောင်းကျန့် မီးပွိုင့်ကိုအဖြတ်မှာ
သူကားကို ဝင်တိုင်တဲ့ ကားတစ်စီး....

////////////////

"လူနာ.."

ရှောင်းကျန့် 'လူနာ'ဆိုသော
အသံကြောင့် နိုးထလာသည်။

ရှောင်းကျန့် နိုးထလာတော့
ကိုက်လွန်းလှတဲ့ ခေါင်း
ကျင်လှတဲ့ ခြေထောက်တွေ
မဲမှောင်နေသော ပတ်ဝန်းကျင်ကြောင့်
စိတ်ရှုပ်သွားမိသည်။

မီးကမလာလို့လား?
သူနောက်ဆုံးမှတ်မိတာ
သူမီးပွိုင့်အဖြတ်မှာ သူကားကို ဝင်တိုက်တဲ့
ကားတစ်စီးကိုပဲ သူမှတ်မိသည်။

ဒါဆိုတော့
သူကကားaccident ဖြစ်သွားတာပေါ့။

"ကျန့်ကျန့် မသေကောင်းမပျောက်ကောင်း
သားလေးရယ်"

မားအသံကိုသာ
သူကြားရပြီ မားမျက်နှာကို မမြင်ရ
ဘာကြောင့် မားတို့က အခန်းမီးကို
မှိတ်ထားပါလိမ့်။

"မားဘာလို့အခန်းမီးမှိတ်ထားတာလဲ?"

"ဟင်~"

သူပြောတော့ တိတ်ဆိတ်သွားတဲ့
သူမားကြောင့် ရှောင်းကျန့်
ထပ်ကြောင်ရပြန်သည်။
သူပြောတာကြာပြီ
မားက ဘာလို့အခုထိ
မီးမဖွင့်ပေးသေးတာလဲ?

ခဏအကြာတော့
အခန်းထဲကို ဝင်လာတဲ့
ခြေသံအများကြီးကြောင့်
ရှောင်းကျန့် မျက်ခုံးကြုံမိသည်။

"doctorကျွန်မ... သားလေး.."

မားရဲ့အသံက ငိုနေတဲ့
အသံပုံစံမျိုး...
သူaccidentဖြစ်လို့ ငိုထားတာဆိုပေမဲ့
ဘာကြောင့် အခုထိ ငိုနေရသေးတာလဲ?

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now