ep-20

358 20 2
                                    

ကိုယ့်ဘဝရဲ့လေပြေညင်း

မွ!!

ရှောင်းကျန့် ရုတ်တရက်ကြီးသူ
နှုတ်ခမ်းကိုအဖွလေးလာနမ်းသွားတဲ့
ရိပေါ်ကြောင့် မျက်လုံးပြူးရင်
သူကမ္ဘာ​ကြီးရပ်တန့်သွားခဲ့သည်။

ရင်ခုန်တွေမြန်လာသလို ဖြစ်နေသည်။
ရှောင်းကျန့် အတွေးပေါ်ပြီး
ရိပေါ်ကိုကြည့်တော့ ထိုကောင်လေးငယ်က
အိပ်နေခဲ့ပြီ။

တကယ်ကိုအအိပ်ပုတ်လေးပါပဲ။
ရှောင်းကျန့် ရိပေါ်နမ်းသွားခဲ့တဲ့
သူနှုတ်ခမ်းကိုကိုင်ကာ ပြုံးနေခဲ့သည်။

သူစိတ်ကူးထားသည်။
ရိပေါ်နမ်းသွားတဲ့ ဒီနှုတ်ခမ်းကို
လုံးဝရေနဲ့မဆေးတော့ဘူးလို့။

ဒါနဲ့ဘာကြောင့် ရိပေါ်က
သူကိုနမ်းလိုက်တာလဲ.?
ဧကန္တ ရိပေါ်ကလည်း သူကိုပြန်ချစ်နေလို့လား.?

ရှောင်းကျန့် ရိပေါ်ကလည်းသူကိုပြန်ချစ်နေလို့လား.?
ဆိုတဲ့ အတွေးနဲ့တင် သူမျက်နှာပေါ်ကို
အပြုံးတွေလွှမ်းမိုးသွားခဲ့သည်။

////////////

ရိပေါ် ရုတ်တရက်လိုလို
ဘယ်လိုဖြစ်ပြီးသူနှုတ်ခမ်းက
ကျန့်ကောနှုတ်ခမ်းကို သွားနမ်းလိုက်လဲတောင်
မသိလိုက်အောင်ပင် အချိန်တွေက
တအားမြန်သွားခဲ့သည်။

ရိပေါ် သတိဝင်ဝင်ချင်း
မြန်မြန်ကျန့်ကောကို ကြည့်လိုက်တော့
ကျန့်ကောက မျက်လုံးကြီးပြူးကာ
ကြောင်နေတာမို့ ရိပေါ်
ကျန့်ကောကို ဖြေရှင်းချက်မပေးချင်တာမို့
မျက်လုံးကိုသာ အလျင်အမြန်ပိတ်လိုက်သည်။

တော်နေကမှ အိပ်ထားတဲ့
မျက်လုံးက အလျင်အမြန်အိပ်ပျော်သွားတာ
ထူးဆန်းပါပေရဲ့။

///////////

ရှောင်းကျန့် လေယာဥ်ပေါ်ကဆင်းပြီး
တရုတ်ကိုရောက်တာတောင်
မနိုးသေးတဲ့ အမောင်အိပ်ပုတ်လေးရိပေါ်ကို
ပြုံးကာ ရိပေါ်ရဲ့ နှာခေါင်းလေးကို
အသာဆွဲလိုက်သည်။

သူဆွဲလိုက်တော့ အကောင်ပေါက်လေးက
မျက်လုံးတွေကို လက်နဲ့အရင်ပွတ်ပြီး
အားကိုသန်းပြီ သူကို
မျက်လုံးကြီးပြူးကာ လာကြည့်နေသည်။

ကိုယ့်ဘဝရဲ့လေပြေညင်းWhere stories live. Discover now