အပိုင်း ၃၈

625 71 1
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃၈


သူတို့နှစ်ယောက်လုံး စက္ကန့်အနည်းငယ်မျှ ထိတ်လန့်သွားကြသည်။

ချန်ကျင်းယောင်က တုနီရဲ့ အမြှီးကို နင်းမိသွားပြီး ချက်ချင်း ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ သူမ သူမရဲ့ ရေချိုးဝတ်စုံကို အမြန်ဆွဲယူလိုက်ပေမယ့် သူမလုပ်တာ လျင်မြန်လွန်းသဖြင့် တစ်ဖက်ကို ဆွဲလိုက်သောအခါတွင် တစ်ဖက်က ပေါ်သွား ပြီး ပြင်ဖို့ ကြိုးစားလေလေ ပိုဆိုးလေလေ ဖြစ်သည်။ သူမကိုယ်သူမ ဖုံးအုပ်ထားပြီး နီရဲနေတဲ့ ပါးပြင်တွေနဲ့ နှုတ်ခမ်းတွေကို ကိုက်ကာ သူ့ကို စိုက်ကြည့်ခဲ့သည်။ "ထွက်သွားပါ!"

သူမ စိတ်တိုနေပုံရပေမယ့် နောက်ကွယ်မှ အင်အားမရှိလောက်အောင်၊ အရှက်အကြောက်ကြီးပြီး ရှက်ကိုးရှက်ကန်းဖြင့် ကျော်တက်သွားသည့် တစ်စုံတစ်ယောက်လို ပျော့ပျောင်းလွန်းလှသည်။

ရန်ချန်းက လည်ချောင်း ခြောက်သွေ့လာတာကို ခံစားလိုက်ရပြီး ထိုနေရာတွင် မလှုပ်မယှက် ရပ်နေခဲ့သည်။

"ရှင့် မျက်လုံးမှိတ်ပြီး ထွက်သွား!" ချန်ကျင်းယောင်က သူ့ကို အဲ့လို မြင်လိုက်တဲ့အခါ သူမ ဒေါသထွက်သွားသည်။ သူမဘေးနားက ခေါင်းအုံးကိုဆွဲယူပြီး သူ့ဘက်တည့်တည့်ကို ပစ်လိုက်သည်။

ဒါပေမယ့် သူမရဲ့ လှုပ်ရှားမှုတွေက ကြီးမားတာကြောင့် သူမရဲ့ ချောင်ကျနေတဲ့ ရေချိုးဝတ်ရုံက ချော်ကျကာ တစ်ဝက်ခန့် ဖုံးလွှမ်းထားသည့် ချောမွေ့တဲ့ ပခုံးကို ပေါ်လွင်စေခဲ့သည်။

ရန်ချန်းက သူမကို စိုက်ကြည့်နေတာ မြင်လိုက်ရပြီးနောက် အပြစ်ကင်းစင်တဲ့အထဲမှာ မြေခွေးတစ်ကောင်က သူမကို ဖြားယောင်းသွေးဆောင်နေတာကို မြင်လိုက်ရတယ်လို့ ခံစားလိုက်ရသည်။

တောက်ပတဲ့ မီးရောင်အောက်တွင် အဆင်မပြေတဲ့ လေထုက မြင်ကွင်းကို လွှမ်းခြုံသွားသည်။

ချန်ကျင်းယောင်က အော်ဟစ်လိုက်ပြီး တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ မြေခွေးဝိညာဉ်က ခုန်ဆင်းလာပြီး သူမရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို စောင်အောက်မှာ မြှုပ်နှံလိုက်သည်။ သူမကြိုးစားပြီး စောင်ရဲ့အောက်က ရုန်းထွက်ဖို့ကြိုးစားပေမယ့် မရခဲ့ဘူး။ သူမ ခေါင်းမော့ကြည့်လိုက်တော့ သူမ နားရွက်တွေက နီရဲနေခဲ့သည်။ ရန်ချန်းရဲ့ မြင်ကွင်းကနေ သူမြင်လိုက်ရတာက စောင်တွေထဲမှာ သူမရဲ့ ဒူးဆစ်တွေကို မသိစိတ်က ပွတ်တိုက်မိပြီး အဲဒီ့နှုတ်ခမ်းတွေက သူ့ကို အော်ထုတ်နေခဲ့သည်။ "ထွက်သွား ထွက်သွား ထွက်သွား!"

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now