အပိုင်း ၁၉

1.1K 133 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၁၉


သူက ချန်ကျင်းယောင်ရဲ့ သေးသွယ်တဲ့ ခါးလေးကို လက်တစ်ဖက်တည်းနဲ့ ဆုပ်ကိုင်လိုက်ပြီး သူမကို သူ့လက်မောင်းထဲပွေ့ယူလိုက်သည်။ သူက သူမကို ဖိထားတာကြောင့် ခန္ဓာကိုယ်နှစ်ခုက ပူးကပ်နေခဲ့သည်။

တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး တစ်ယောက်နဲ့တစ်ယောက်ရဲ့ အသက်ရှူသံတွေကို ခံစားရသည်။

သိပ်မကြာခင်မှာပဲ ချန်ကျင်းယောင်က သူမရဲ့ အိပ်ရာထဲကနေ ရုန်းထွက်ပြီး ထလာခဲ့သည်။

သူ့မ အပေါ်ကလူကို ဘေးဘက်ဆီရောက်အောင် တွန်းခဲ့ပေမယ့် မအောင်မြင်ခဲ့ချေ။

နားထဲ နွေးထွေးတဲ့ အသက်ရှုသံများ မှုတ်ထုတ်ရင်း ယားယံစေကာ ထုံကျင်စေခဲ့သည်။ သူမ ပျင်းရိနေခဲ့ပေမယ့် သံလိုက်ဓာတ်ပါတဲ့ ရယ်သံကို ကြားလိုက်ရသည်။

“…” သူမ စိတ်ရှုပ်သွားသည်။

ထို့နောက် ရန်ချန်းက ပြုံးပြီး ပြောလိုက်သည်။ သူက သူ့လက်ကို မြှောက်ကာ စောင်ဆွဲလိုက်ပြီး နှစ်ယောက်သား နေရာကျဥ်းကျဥ်း​လေးထဲ လွယ်လွယ်ကူကူ သော့ခတ်ထားလိုက်သည်။ ထို့နောက် အရာအားလုံးက သူမအတွက် အမှောင်ဖြစ်သွားသည်။

တုနီက သည်းမခံနိုင်တော့ဘဲ လှည့်ပတ်နေတာ ရပ်လိုက်ပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်သွားခဲ့သည်။

သူမ နှလုံးခုန်သံက မိုးခြိမ်းသံလို ကျယ်လောင်စွာ ခုန်နေပြီး အပူချိန်တွေ တိုးလာသလိုခံစားခဲ့ရသည်။

ရန်ချန်းက အောက်ကိုငုံ့ကြည့်လိုက်​တာကြောင့် သူ့အသက်ရှူသံတွေက ချန်ကျင်းယောင် လည်ပင်းကို ရိုက်ခံနေတာကြောင့် မသိစိတ်က ပြန်ကျုံ့သွားခဲ့သည်။ "ရန်ချန်း၊ ကျွန်မကိုလွှတ်။" သူမပြောလို့ မပြီးခင် လည်ပင်းကို ညင်သာစွာ နမ်းပြီး ကိုက်လိုက်သည်။

သူ အရိပ်အမြွက်ပြောနေတာ ရှင်းလင်းနေသည်။

ချန်ကျင်းယောင်က အေးခဲသွားပြီး လှုပ်တောင် မလှုပ်ရဲခဲ့ပေ။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now