အပိုင်း ၃၅

478 50 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃၅


အစောက အတိုင်းပဲ။ 

ရန်ချန်းက နာကျင်လွန်းလို့ ဖြူဖက်ဖြူရော် ဖြစ်နေတဲ့ ချန်ကျင်းယောင်ကို ကြည့်ပြီး ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူ မစဥ်းစားတက်တော့ပေ။

ခဏလောက်စဉ်းစားပြီးနောက် သူ ချန်ကျင်းယောင်အတွက် သကြားညို ဂျင်းလက်ဖက်ရည် နောက်ထပ်တစ်ခွက်ပြုလုပ်ပေးဖို့ ဆုံးဖြတ်လိုက်သည်။

"ပူနေတုန်း သောက်ပါ။" သူက စားပွဲပေါ်မှာ ဖန်ခွက်ကို ချထားရင်း သူမကို ကြည့်လိုက်သည်။

ချန်ကျင်းယောင်က ရန်ချန်းနဲ့ ဖန်ခွက်ကြားကို ကြည့်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမ အရှုံးမပေးဘဲ ထဖို့ ဒူး ကွေးပြီးရုန်းကန် ပြီးနောက် သူမ ယိုင်သွားသည်။ သူမ မျက်လုံး မှိတ်ထားမိလိုက်သည်။ "ကျွန်မ သွားမတိုက်ရသေးဘူး"

သူမ ပြောပြီးတာနဲ့ လေထုက အေးခဲသွားခဲ့သည်။

ချန်ကျင်းယောင်က ရန်ချန်းရဲ့ ခံစားချက် အလှည့်အပြောင်း ခံစားလိုက်ရပြီး သူမ စကားကြောင့် လေကို ရှုရှိုက်လိုက်သလိုပင်။ သို့သော် အမှန်မှာ သူမသည် ထိတ်လန့်တုန်လှုပ်စရာ တစ်စုံတစ်ရာကို လုံးဝ မပြောခဲ့ပေ။ သူမ၏ ရည်ရွယ်ချက်အမှန်ကို လေးနက်သောနည်းလမ်းဖြင့် ဖော်ပြနေခြင်းသာဖြစ်သည်။

ထိုလူက ငုံ့ထားရင်း နက်မှောင်တဲ့ မျက်ခုံးတွေက ကြုတ်သွားခဲ့သည်။ ခဏအကြာတွင် သူ့ရဲ့ မကျေမနပ် လှောင်ပြောင်သံ ထွက်လာသည်။ ဖြေးဖြေးချင်း ရယ်မောပြီး အနည်းငယ် လှောင်ပြောင်တဲ့ အသံဖြင့် တိုးတိုးလေး မေးလိုက်သည်။ "ဒါဆို မင်း ငါ့ကို ချီသွားပေးစေချင်တာလား"

“……”

သေချာပါတယ်၊ ကြွက်တက်နေပေမယ့် လက်ကျိုးတာ ဒါမှမဟုတ် ခြေထောက်ကျိုးတာလောက် မဆိုးဘူး။

တံခါးကို ပိတ်လိုက်တာနဲ့ ချန်ကျင်းယောင်က အိမ်မှာ အထီးကျန်နေခဲ့သည်။ သူမသည် ဘေဇင်ပေါ်တက်ကာ မှန်ထဲ ကြည့်ရင်း အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ အကြောင်းတစ်ခုခုကြောင့် သူမပါးပြင်တွေက နီမြန်းနေပြီး ၎င်းမှာ ရန်ချန်း၏ ကျီစယ်ခြင်းကြောင့် ဖြစ်သည်။ သူမ ပါးနှစ်ဖက်စလုံး ပူထူလာသလို ခံစားရတယ်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now