အပိုင်း ၂၀

1.7K 156 2
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၂၀

"ဒါပေမယ့် ကျွန်မ မိဘတွေက ကျွန်မ သူ့ကို တော်တော်ချစ်တယ်လို့ ထင်နေတာ"

ရန်ချန်းက သူမလက်ကို ဆုပ်ကိုင်ပြီး ဖိညှစ်လိုက်သည်။ "တကယ်လား?"

“တကယ်တော့ ကျွန်မ သူ့ကို မဆက်သွယ်တာကြာပြီ။ ကျွန်မ ကျိန်ပြောနိုင်တယ်…” သူမ ပြုံးပြီး ပြောလိုက်သည်။ “ ကျွန်မ သူ့ကို တကယ်ကြိုက်ရင် မိုး ကြိုးပစ်ပါစေ။”

ရန်ချန်း အနည်းငယ် အေးခဲသွားခဲ့သည်။ သူ မျက်ခုံးမပင့်ခင် သူမကို ခဏလောက်ကြည့်လိုက်သည်။

သူ ခဏလောက် ငြိမ်သက်သွားမိသည်။

သူ ဝမ်းသာသွားတယ်။

“ဒီလို ကြမ်းတမ်းတဲ့ဟာမျိုး ကျိန်ဆိုဖို့ မလိုပါဘူး။”

"ငါ မင်းကို သံသယဝင်နေတာ မဟုတ်ဘူး။”

“ဟမ့်။” ချန်ကျင်းယောင်က စောင်ကို ကုတင်ထောင့်ဆီ ပစ်လိုက်သည်။

ဝက်ဝံရုပ်အကြီးကြီးက သမီးရည်းစားနှစ်ဦး  ကြားရှုပ်နေခဲ့သည်။

သူက ဘယ်လောက်ပဲနွေးထွေးနေပါစေ အဆုံးမှာတော့ သူ “စွန့်ပစ်” ခံခဲ့ရတယ်။

————————————————-

အာ့ကွမ်း (teahouse)  အတွက် ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ သူတို့ ဒီအတွက် အများကြီး အားထုတ်ဖို့ မလိုအပ်ချေ။

ရန်ချန်းက ကျိုးရှောင် စမပြောင်းခင်က သူတို့ အရင်ကရှိခဲ့တဲ့ စီးပွားရေးပုံစံအတိုင်း ပြန်ရယူဖို့ လိုအပ်တယ်လို့ပြောခဲ့သည်။ ဆက်ပြီးမပြောင်းလဲရင် တိတ်ဆိတ်တဲ့ ချာကွမ်း အဖြစ် ပြောင်းလဲသွားလိမ့်မည်။

လက်ဖက်ရည်ဆိုင်က လူငယ်တွေ သွားရတာ နှစ်သက်တဲ့ နေရာမျိုးမဟုတ်ချေ။

ဘာပဲပြောပြော သူက ငွေရှာဖို့နဲ့ စီးပွားရေးလုပ်ဖို့ လိုအပ်နေသေးသည်။

လက်ဖက်ရည်ဆိုင်ကို မူလပုံစံအတိုင်း ပြန်ရရှိဖို့ တစ်လခွဲ​တောင် မလိုအပ်ချေ။ ရဲစခန်းက သတ်မှတ်ထားတဲ့ ကန့်သတ်ချက်အတွင်း အပြီးပြင်ဖို့ ရက်သတ်မှတ် ပေးလိုက်သည်။ ဒါမှ သူတို့ ဆက်ပြီး အလုပ်လုပ်နိုင်မှာ။ အနည်းဆုံးတော့ ရန်ချန်းမှာ ရန် မိသားစုရှိသည်။ ရဲတွေက သူ့အခြေအနေကို သိပြီး မျက်နှာလွှဲပေးခဲ့သည်။ အန်းထိုက်က ဘာမှမလုပ် မနေချင်တော့တာကြောင့် လျင်မြန်စွာ ထွက်လာသည်။ သူ့အလုပ်တော်တော် ပြီးသွားတော့ ရန်ချန်းဆီ ချက်ချင်းဖုန်းဆက်လိုက်သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Donde viven las historias. Descúbrelo ahora