အပိုင်း ၉

1.7K 201 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၉


တုနီက ချန်ကျင်းယောင် မွေးထားတဲ့ Ragdoll ကြောင်လေးဖြစ်သည်။

ကြည်လင်တဲ့ မျက်လုံးအပြာရောင်နဲ့ အဖြူရောင် သားမွှေးများ ရှိပြီး နားရွက်နဲ့ အမြှီးတို့တွင် မီးခိုးရောင် အစက်အပြောက်လေးတွေ ရှိသည်။ ဒီကြောင်မျိုးက အတော်လေး ဉာဏ်ကောင်းပြီး သူစိမ်းတွေနဲ့ ဆက်ဆံရတာကို မကြိုက်ဘဲ အေးစက်ပြီး မြင့်မြတ်တဲ့ ဘုရင်တစ်ပါးလို အမြဲလိုလို ပြုမူခဲ့သည်။ ဒါပေမယ့် ချန်ကျင်းယောင် အနီးမှာရှိတဲ့အခါ၊ သူက ရှက်ရွံ့ပြီး အဆော့သန်သည်။

လှတယ်၊ လိမ္မာတယ်၊ ပြီးတော့ ချစ်စဖွယ်ကောင်းတယ်၊ တုနီနဲ့ပတ်သက်တဲ့ အရာအားလုံးက ပြီးပြည့်စုံသည်။ ရန်ချန်က အဲ့ဒါကို မကြိုက်တာမဟုတ်ဘူး။ တစ်ယောက်ယောက် ချဥ်းကပ်လာတိုင်း အဲ့ကြောင်က သွားဖီးပြီး မာန်ဖီပြကာ တိုက်ခိုက်လိမ့်မည်။ သူ့ စိတ်ထဲမှာ ရန်ချန်းက ကြောင်နဲ့ သူ့ သခင်ကြား ရင်းနှီးမှုကို နှောက်ယှက်ဖို့ တစ်နေရာက ထွက်ပေါ်လာသည့် တတိယလူသာ ဖြစ်နိုင်သည်။

ဒါပေမယ့် နောက်ဆုံး သူတို့ သုံးယောက် အတူ နေထိုင်ဖို့သာ ဖြစ်လာခဲ့သည်။ 

"ကိုယ် ဒီကြောင်ကို ကိုယ့်ကို အသိအမှတ်ပြုအောင်လုပ်မယ်။"

ချန်ကျင်းယောင်က သူမမျက်နှာကို ခေါင်းအုံးထဲ မြှုပ်ထားပြီး သူမ ရယ်တာကို မထိန်းနိုင်တဲ့အခါ ရန်ချန်းက နောက်ဆုံး၌ ဒေါသဖြစ်သွားခဲ့သည်။

သူ့အိမ်မှာ ရှိနေတဲ့အချိန်အတွင်း ရန်ချန်းက ​​သူ့မိသားစုရဲ့ကြောင်နဲ့ နေ့ရောညပါ ပေါင်းသင်းဖို့ကြိုးစားရင်းနဲ့ သူ့မိသားစုရဲ့ ကြောင်လေးနဲ့ ဆက်ဆံရေးကို ပြောင်းလဲနိုင်မယ်လို့ ယုံကြည်ခဲ့သည်။

ချန်ကျင်းယောင်က ပခုံးတွန့်ပြပြီး သူ့ကို ပြုံးပြခဲ့သည်။ "ပထမဆုံးအနေနဲ့ ရှင် သူ့ကို ကြောင်ငတုံးလို့ မခေါ်သင့်ဘူး။ တုနီက အဲ့ဒါကို မသိဘူး မထင်နဲ့။"

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now