အပိုင်း ၂၉

629 71 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၂၉



ဘယ်တီဗီရှိုးတွေမှာ ဒီလိုလုပ်ကြလို့လဲ။

ဒီတတိယလူက ညအချိန်မှာ လူတွေ တိတ်တဆိတ် စာပို့တာ နှစ်သက်သည်။ ပရော်ဖက်ရှင်နယ် မက်ဆေ့ခ်ျများ ပေးပို့ပြီး လွမ်းဆွတ်ဖွယ်ရာ အမှတ်တရဟောင်းများကို ခံစားချက် အပြည့် ထွက်လာအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သည်။

ရန်ချန်းက ခေါင်း ငုံ့ပြီး မျက်နှာပြင် လုံးဝမှောင်သွားသည်အထိ ဖုန်းမျက်နှာပြင်ကို စက္ကန့်တစ်ဒါဇင်ခန့် သူ့အာရုံတွေ ပြန်မရောက်ခင်ထိ စိုက်ကြည့်နေခဲ့သည်။ သူ့အကြည့်တွေကို ဖြည်းညှင်းစွာ ပြန်ရုတ်လိုက်ပြီး၊ သူက စားပွဲကို တအိအိ မှီကာ 'ခေါင်းမာတဲ့ ခွေးကောင်' လို့ ပြောပြီး လှောင်ပြောင်ခဲ့သည်။ သူက ခင်ပွန်းသည်လို ဖြောင့်မတ်ခြင်းတရားကို ကျင့်သုံးပေမယ့်၊ ဟော်ချီတုန်းကို သူမရဲ့ blacklist ထဲ တိတ်တဆိတ် ထည့်သွင်းဖို့ စီစဉ်ခဲ့သည်။ ထို့နောက် ချန်ကျင်းယောင်ရဲ့ ဖုန်းစခရင်ကို ဖွင့်လိုက်သည်။

ဖန်သားပြင်မှ အဖြူရောင်အလင်းတန်းက သူ့မျက်နှာကို ရောင်ပြန်ဟပ်ကာ အုံ့မှိုင်းပုံပေါ်စေသည်။

သဲလွန်စတွေမကျန်အောင် ဘယ်လိုလုပ်ရမလဲဆိုတာကို သူတွေးနေပေမယ့် နောက်စက္ကန့်မှာပဲ ပျော်ရွှင်စွာ ခိုးယူနေတဲ့ သခင်လေး ရန်​တစ်ယောက် အေးခဲနေသွားခဲ့သည်။ သူ့အမူအရာက လုံးဝ တင်းမာသွားပြီး သူ့မျက်လုံးတွေလဲ မှုန်ဝါးသွားသည်။ “…”

လော့ခ်ဖွင့်တဲ့ကုဒ်က သူ မသိတဲ့ ဂဏန်းအမြောက်အမြားဖြစ်သည်။

ထိုအခိုက်အတန့်၌ စောင်ထဲမှာ ပုန်းနေတဲ့ ချန်ကျင်းယောင်က လှည့်ကြည့်လာခဲ့သည်။

တဆတ်ဆတ်တုန်နေတဲ့အသံက သူ မကောင်းမှုတစ်ခုခုလုပ်နေတယ်လို့ ယုံကြည်နေတဲ့ ရန်ချန်းကို ထိတ်လန့်စေခဲ့သည်။ သူက ခေါင်းမော့ပြီး အသက်ရှုဖို့တောင် မဝံ့မရဲ ဖြစ်နေခဲ့သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now