အပိုင်း ၃

2.5K 234 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၃

ချန်ကျင်းယောင် -  "...ဘာအတွက်လဲ?"

“ပြည့်တန်ဆာ လုပ်ငန်း လုပ်တယ်လို့ သံသယရှိလို့”

သိသိသာသာကိုပဲ အစောက သူမမေးခွန်းကို ဖြေတဲ့သူက ရန်ချန်း မဟုတ်ဘူး။

ချန်ကျင်းယောင်ရဲ့ မျက်လုံးတွေက မကြာခင်ကမှ နိုးလာတာကြောင့် အရည်လဲ့နေခဲ့သည်။ စိတ်ဆိုးသွားပြီး အိပ်ရာပေါ်ပြန်လှဲကာ နွေးထွေးတဲ့ စောင်ထဲ ပြန်ဝင်သွားခဲ့သည်။ လိုင်း၏ အခြားတစ်ဖက်တွင် ရန်ချန်းက သူမကို အဖြစ်အပျက်တစ်ခုလုံး အေးဆေးတည်ငြိမ်စွာ ရှင်းပြခဲ့သည်။

ခေါင်းအုံးဘေးက ကြောင်လေး တုနီက ထထိုင်ပြီး ချန်ကျင်းယောင်ဆီ ချောမောစွာ လျှောက်သွားလိုက်သည်။ သူ့ခန္ဓာကိုယ်ကို သူ့လည်ပင်းမှာ တင်ထားလိုက်ပြီး အမြှီးကို တွန့်ပြရင်း အဆက်မပြတ် ဟစ်အော်နေတော့သည်။

"တုနီ၊ ရှုပ်မနေနဲ့" ချန်ကျင်းယောင်က ကူကယ်ရာမဲ့ ဆူပူကြိမ်းမောင်းခဲ့သည်။

ဖုန်းထဲက အသံက ရုတ်တရက် စကားရပ်သွားပြီး အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ ရန်ချန်းက ပြောလိုက်သည်။ "ကျိုးချောင်က မဖွင့်ဘူးဆိုရင်တောင် သူ့ကို ရှာဖို့ အနှေးနဲ့အမြန် တစ်ယောက်ယောက်ကို ပို့လိုက်မှာ။"

"ကျိုးချောင်ရဲ့ ဝမ်းကွဲက ကျိုးရွှယ် မဟုတ်ဘူးလား" ကြောင်ကို ကြိမ်းမောင်းပြီးနောက် ချန်ကျင်းယောင်က ပိုနိုးလာသလို ခံစားလိုက်ရသည်။ သူမ အိပ်ယာဘေးက မီးအိမ်လေးဖွင့်ပြီး "ဒါဆို အဆင်ပြေလား" လို့ မေးခဲ့သည်။

မနက်​နှစ်​နာရီမှာ တစ်​မြို့လုံးနီးပါး အိပ်​​မောကျနေကြသည်။

လမ်းမပေါ်၌ ကား အသွားအလာမရှိတာကြောင့် ပတ်ဝန်းကျင်က အလွန် တိတ်ဆိတ်နေသည်။

အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ရန်ချန်းက ရယ်ပြီး ပြောခဲ့သည်။ "ဘာမှ ဝန်လေးစရာ မရှိဘူး"

သူတို့ရဲ့ ပထမဆုံး တွေ့ဆုံမှုအပြီး ရန်ချန်းနဲ့ ချန်ကျင်းယောင်တို့က လက်ထပ်ထိမ်းမြားဖို့ သဘောတူခဲ့ကြသည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now