အပိုင်း ၆

2.1K 218 0
                                    

Unicode

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း

အပိုင်း ၆

မီးနီက ခုထိ ရေတွက်လို့ မပြီးသေးပေ။ 

ချန်ကျင်းယောင်က အတော်လေး တည်ငြိမ်နေခဲ့သည်။ သူမက နွေဦးလေညင်းလေးလို လန်းဆန်းတဲ့ အပြုံး ထိန်းသိမ်းထားပေမယ့် အနီးကပ် ကြည့်လိုက်လျှင် မှုန်မှိုင်းသော ခံစားချက်တစ်ခု ရှိနေသည်။ သူမ စတီယာရင်ဘက်ခြမ်းကို စည်းချက်ကျကျ ပုတ်လိုက်ပြီး သူ့ကို တိုက်တွန်းခဲ့သည်။ "မြန်မြန်လုပ်!"

ချန်ကျင်းယောင်က ကျိုးရွှယ် ရန်ချန်းကို ခေါ်တာ သူမတို့ လက်ထပ်ပွဲတုန်းက ပထမဆုံးမြင်ခဲ့ဖူးသည်။

လျှို့ဝှက်ချိန်ကိုက်ဗုံးကို ရှာတွေ့သလိုမျိုးပင်။ ဒါက ကြောက်စရာကောင်းတာ ဒါမှမဟုတ် စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခု ဖြစ်နိုင်သည်။ ဗုံးကို ပေါက်ကွဲဖို့ ချန်ထားတာလား ဒါမှမဟုတ် ဖျက်သိမ်းဖို့လားက သူ့လက်ထဲမှာ ကိုင်ထားတဲ့ သူအပေါ် မူတည်နေသည်။

ချန်ကျင်းယောင်က ကျိုးရွှယ် ဘာလို့ ခေါ်လဲဆိုတဲ့ မရေရာတဲ့ ခန့်မှန်းချက်တစ်ခုရှိခဲ့သည်။

ပြီးခဲ့သည့်အပတ်က ကျိုးချောင် အာ့ကွမ်းမှ နှင်ထုတ်ခံရသည့်အချက်နဲ့ ပတ်သက်ပြီး တစ်ခုခုရှိရမည်။

ဒါပေမယ့် ကျိုးချောင်က ရန်ချန်းကို ပြည့်တန်ဆာလုပ်ငန်းခေါင်းဆောင်အဖြစ် ဖန်တီးပြီး သူ့ကို ရဲစခန်းသို့ ပို့ပြီးနောက် နှုတ်ဆိတ်နေမည်ဖြစ်သည်။

ချန်ကျင်းယောင်က ကျိုးရွှယ် အကြောင်း တစ်ခု၊ နှစ်ခုတော့သိသည်။

သူမနဲ့ ထိတွေ့ဖူးသည့် အထက်တန်းစား အထက်တန်းစား အသိုင်းအဝိုင်းမှ သူများက သူမကို မင်းသမီး ရောဂါ ဟူသော စကားလုံး နှစ်လုံးဖြင့် ဖော်ပြကြမည် ဖြစ်သည်။ သူကြွယ်တစ်ယောက်၏ အကိုင်းအခက်များပေါ် ပျံသန်းပြီး ဖီးနစ် ဖြစ်လာပြီးနောက် သူမရဲ့ အစွန်းရောက်စိတ်က ထွက်ပေါ်လာခဲ့သည်။

သူမရဲ့ မောက်မာမှုနှင့် ရယူပိုင်ခွင့်ခံစားချက်များက မင်းသမီး ရောဂါ၏ လက္ခဏာအချို့ဖြစ်သည်။

အဓိက ဇာတ်လိုက်နဲ့ လက်ထပ်ခြင်း (ဘာသာပြန်)Where stories live. Discover now