ကုယွင်က နောက်ပြန်ဆုတ်ပြီး ရှင်းပြလိုက်သည်။ "ငါ ဓားခိုးဖို့ လာတာမဟုတ်ဘူး"

ဒီလူက ဘယ်သူလဲ? သူမ သူ့ကို့ စစ်သူကြီးရဲ့ အိမ်တော်မှာ တစ်ခါမှ မတွေ့ဖူးဘူး။

ကုယွင်၏အသံကို ကြားလိုက်ရတော့ ထိုလူက မျက်မှောင်ကြုတ်သွားသည်။ သူက ဒီနေ့ လက်ထောက်စစ်သူကြီးစု၏ လေ့ကျင့်မှုပုံစံအသစ်ကို သွားကြည့်ရန် ပြင်ဆင်နေခဲ့သော်လည်း မထင်မှတ်ပဲ အနက်ရောင်အဝတ်အစားများဝတ်ထားသည့် သူခိုးတစ်ယောက်က စစ်သူကြီး၏ခြံဝင်းထဲသို့ ပြေးဝင်သွားသည်ကို တွေ့လိုက်ရသည်။ သူ နောက်ကနေ လိုက်လာချိန်တွင် သူမျှော်လင့်ထားတဲ့အတိုင်း သူခိုးက စစ်သူကြီး၏ဓားကို ခိုးရန် ပြင်နေသည်ကို တွေ့လိုက်ရသည်။ ဒါပေမယ့် သူခိုးလေးက တကယ်ကို မိန်းမတစ်ယောက်ဖြစ်နေမယ်လို့တော့ ဘယ်တုန်းကမှ မတွေးခဲ့မိဘူး။

ယောက်ျားက ကုယွင်ကို လက်ညှိုးထိုးလိုက်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ "မင်းက သတ္တိရှိနေသေးတယ်ပေါ့လေ။ မင်း ဝန်ခံလိုက်ရင် မင်းက မိန်းမဖြစ်နေလို့ မင်းအသက်ကို ချမ်းသာပေးလိုက်မယ်!"

ကုယွင်က မထီမဲ့မြင်ပြုကာ "ဟားဟား! ရယ်လိုက်ရတာ၊ နင်က အမှားအမှန်ကို မသိဘဲ သတိလက်လွတ်ဖြစ်နေတဲ့သူကို အရင် တိုက်ခိုက်တယ်၊ ပြီးတော့ မဟုတ်တာတွေကို ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေတယ်"

ကုယွင်၏စကားများက ထိုလူကို ပိုပြီး ဒေါသထွက်လာစေကာ သူ့မျက်နှာက မည်းမှောင်သွားသည်။ သူက သူ့လက်ထဲမှ လှံပုဆိန်ကို ကိုင်မြှောက်ကာ ကုယွင်ကို ထပ်မံ တိုက်ခိုက်ရန် ချဥ်းကပ်လာသည်။

သူ နောက်တစ်ကြိမ် ထပ်ပြီး တိုက်ခိုက်မယ် ဆိုတာကို ကြိုသိနေတဲ့ ကုယွင်က ခုနက စကားပြောနေထဲက သူမ၏အနေအထား ပြောင်းလဲ ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။ သူမက ပေါ့ပေါ့တန်တန် ခုန်လိုက်ပြီး လက်တစ်ဖက်က ပင်းလျန့်ရဲ့ဓားရိုးကို ကိုင်လိုက်ပြီး နောက်တစ်ဖက်မှာ ဓားအိမ်ကို ကိုင်ထားလိုက်သည်။ နဂါးအော်သံကဲ့သို့ ပျော့ပျောင်းသော အသံနှင့်အတူ တောက်ပသော အဖြူရောင်ဓားက ဖြည်းညှင်းစွာ တုန်လှုပ်လာပြီး သူ့၏ဓားအိမ်အတွင်းမှ ရုတ်တရက် ထွက်ပေါ်လာသည်။

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now