E.28

2.6K 57 2
                                    

ပင်ပန်းပြီးအိပ်ပျော်သွားတဲ့ ဒေးကိုမနှိုးရက်တာကြောင့် ရှိန်းသူ့ကိုယ်သူယော ဒေးကိုပါသန့်ရှင်းလေးလုပ်ပေးပြီး ဆောင်လေးသေချာခြုံပေးခဲ့ကာ နှဖူးကိုဖွဖွလေးတစ်ချက်နမ်းပြီး ရှိန်းအိမ်သို့ပြန်လာခဲ့သည်။

ရှိန်းအိမ်ရောက်တော့ 9နာရီလောက်ရှိပြီဖြစ်ကာ အိမ်ထဲမှာလဲအိမ်အကူတွေမရှိတော့သလို မာမီလဲအိပ်နေလောက်ယောပေါ့။ ရှိန်းကိုယ့်အခန်းကိုယ်တင်လာခဲ့ရာ သူလဲပင်ပန်းနေပြီနားလဲနားချင်နေသည်။

"ဟင်.....မာမီ"

ရှိန်းအခန်းတံခါးဖွင့်ဖွင့်ချင်း မာမီကိုတွေ့လိုက်ရ၍ ထိုအာမေဒိတ်အသံထွက်လို့သွားသည်။

"သားရှိန်း ပြန်လာတာနောက်ကျတယ်နော်"

"ဟုက် အလုပ်ကိစ္စလေးမပျက်သေးလို့ပါ မာမီသားကိုပြောစရာရှိလို့လား"

"ဟုက္တယ္သား လက်ထပ်ပွဲကိုနောက်လထဲမှာမာမီစီစဉ်ထားတယ် သားအဆင်သင့်လုက်ထားဖို့မာမီလာပြောတာ "

"မာမီ.....ဘာလို့လဲ သား..."

"တော်တော့မဟာရှိန်းမာန် ကျန်တာတွေငါအကုန်စီစဉ်ထားတာမို့ မင်းဘက်ကအေးဆေးလက်ထက်ပွဲတက်ရုံပဲ"

"မာမီ!....."

"မင်းလဲလူငယ်ဆိုတော့ အပျော်မက်တာမာမီလက်ခံပါတယ် ဒါပင်မဲ့တစ်ခုတော့မင်းသိထားရမှာက အေပ်ာ္ကိုအေပ်ာ္လိုပဲသေဘာထား မရောထွေးစေနဲ့....."

"မာမီ.....မာမီ....."

ရှိန်းခေါ်နေတာကိုလှည့်မကြည့်ပါပဲမာမီကအခန်းထဲကထွက်သွားသည်။ မာမီစကားတွေကိုရှိန်းနာမလည်တာလား မာမီကေယာ ဘာသဘောနဲ့ပြောသွားတာလဲ ဒါပင်မဲ့လက်ထပ်ပွဲကအရမ်းကြီးမြန်သွားတာက တစ်ခုခုကြောင့်ဆိုတာကတော့ရှိန်းရိပ်မိတယ်။

"အား....."

ရှိန်းစိတ်တွေရှုပ်ထွေးလာပြီး အခန်းထဲအော်ဟစ်ကာ အိပ်ယာပေါ်ပြစ်လှဲလိုက်တော့သည်။ ရှေ့ဆက်ရမဲ့နေ့တွေက သူ့အတွက်အရမ်းခဲလို့နေကာ ရှိန်းရဲ့မပြက်သားနိုင်သေးတဲ့စိတ်အတွက် သူကိုယ်တိုင်လဲပင်ပန်းလို့နေသည်။

ErrorWhere stories live. Discover now