E.10

3.3K 70 1
                                    

"ရှိန်း တော်ပြီလေ မင်းများနေပြီ"

"ငါကိုမတားလို့ရမလားသူရိန် ငါသောက်မယ် ငါ့ရဲ့ဒီနေရာကသိပ်ကိုမွန်းကျပ်နေတယ်"

သူရိန်မရောက်ခင်ထဲကထိုင်သောက်နေတဲ့ရှိန်းက သူရိန်ရောက်လာတော့ နည်းနည်းတောင်အရှိန်တက်နေသည်။ သူရိန်လဲရောက်ပြီးရှိန်းနဲ့တူတူသောက်ကာ ရှိန်းကတစ်ခွက်ပြီးတစ်ခွက်မော့လို့နေတာမို့ သူရိန်မှာတားပင်မဲ့လဲမရ။

"မင်းမှာဘာတွေဖြစ်နေတာလဲ ရှိန်း ငါ့ကိုပြောစမ်းပါအုံး"

"သူရိန်....ငါချစ်မိနေပြီထင်တယ်"

ရှိန်းကတွေးတွေးစစဖြင့်ထိုစကားကိုတစ်လုံးချင်းပြောကာ သူရိန်နဲ့ရှိန်းကငယ်ငယ်ထဲကအတူကြီးပြင်းလာတဲ့ညီကိုတွေလိုမျိုး အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ကာ ရှိန်းဒီလိုစကားပြောတာဒါပထမဆုံးပင်။

"အင်း ဒါဆိုမင်းဖွင့်ပြောလိုက်ပေါ့"

"မရဘူးသူရိန် သူကငါတို့လိုယောကျာ်းလေးတစ်ယောက်ဖြစ်နေတယ် ပြီးတော့ ငါဒီနှစ်ကုန်ရင်ဒေစီဝင့်လွှာနဲ့လက်ထပ်ရတော့မှာ"

"ဟမ်.."

သူရိန် ရှိန်းစကားတွေကြောင့်လက်ထဲကအရက်ခွက်တောင်ပြုတ်ကျမလိုဖြစ်တယ်။ရှိန်းရဲ့ပထမဆုံးအချစ်ကမျိုးတူယောကျာ်းလေးတဲ့လား သူရိန်ကအံ့ဪသလိုဖြစ်ပင်မဲ့ လက်မခံနိုင်စရာတော့ဘာအကြောင်းမှမရှိပင်မဲ့ အဓိကကရှိန်းမာမီပဲ။

"မင်းအချစ်ကိုဘယ်လိုနားလည်ထားလဲရှိန်း"

"ငါမသိဘူး ငါသိတာသူ့နဲ့မတော်တဆတွေ့တယ်။ သူ့ကိုတွေ့တိုင်းငါရင်ခုန်တယ်။ သူ့ကိုပဲအချိန်တိုင်းတွေ့ချင်တယ်။ ငါ့အိမ်မက်တွေထဲလဲသူရောက်ရောက်လာတယ်။ သူ့အသံ၊ သူ့ကိုယ်ဟန်၊ သူလှုပ်ရှားမှု အကုန်လုံးကိုငေးကြည့်နေရတာကိုသဘောကျတယ်။ သူ့ကိုငါ့နှလုံးသားထဲနင့်နင့်နဲနဲကိုမြတ်နိုးတယ်"

"မင်းချစ်နေတာ သူသိလား"

"ဟင့်အင်း သူနဲ့တောင်မရင်းနှီးဘူး စကားလဲလိုတာထက်ပိုမပြောဘူးဘူး"

"ဒါဆိုမင်းကိုတစ်ခုမေးမယ် မင်းဘာဆက်လုပ်မှာလဲ နှလုံးသားကိုရွးချယ်မှာလား ဒါမှမဟုက်...."

ErrorWhere stories live. Discover now