E.19

2.3K 55 0
                                    

*morning ပါ ကိုယ့်ရဲ့ဒေး*

ဒေးတစ်ယောက်အိပ်ယာထကာစမှာ ဖုန်းထဲဝင်ထားသောစာလေးကြောင့် စိတ်ထဲကြည်နူးနေကာ ဘယ်နှစ်ခေါက်တွေတောင်ဖက်မိမှန်းမသိ။ ဒေးညကလဲတော်တော်နဲ့လဲအိပ်မပျော်သလို ဘာတွေတွေးပူနေလဲဆိုတာတော့ ဒေးကိုယ်ဒေးပဲသိနေလိမ့်မယ်။

တီ......တီ

ဒေးအလုပ်သွားဖို့ရာ အောက်သို့ဆင်းလာပြီး တိုက်အောက်ရောက်တော့ ကားဟွန်းသံကိုကြားရပြီး ကားပေါ်ကဆင်းလာတဲ့သူကြောင့် ဒေးမှာအံ့ဪချင်ပင်မဲ့လဲ ဒီလူကြီးသိပ်ကိုပိုလွန်းတယ်လို့သာတွေးလိုက်မိတယ်။

"ကောင်းသောမနက်ခင်းလေးပါ ကိုယ့်ရဲ့ဒေး"

ထိုစကားနဲ့အတူဒေးရှေ့ကိုရောက်လာသော နှင်းဆီပန်းဖွေးဖွေးတွေ ဒေးလှမ်းယူပြီးထွေးပွက်ထားလိုက်ကာ တစ်ချက်ငုံ့ကာနမ်းလိုက်သည်။ မွေးပျံ့တဲ့နှင်းဆီပန်းန့ံလေးက ဒေးစိတ်ကိုကြည်လင်လို့သွားသည်။

"ပန်းဆိုင်တွေကမဖွင့်သေးလို့ ပန်းခြံတွေ့တာနဲ့ဆင်းဝယ်လာတာ "

"ဦးရှိန်းကလဲအပင်ပန်းခံလို့ ဒါပင်မဲ့ကျေးဇူးပါ ဟီးဟီး"

ရှိန်းအရှေ့က ရှပ်အဖြူရောင်နဲ့လူသားလေးက နှင်းဆီဖွေးဖွေးတွေကိုပိုက်ထားကာ သူ့ကိုမော့ပြီး ရီပြနေပုံလေးက အသဲယာကာထွေးပွေ့ချင်စရာလေး။ ရှိန်းမနေနိုင်မထိုင်နိုင် ခေါင်းလုံးလုံးလေးကိုထိန်းပြီး နဖူးလေးကိုတစ်ချက်ငုံ့နမ်းလိုက်တော့ အသံစွာစွာလေးထွက်လို့လာသည်။

"အာ...ဦးရှိန်း လူတွေနဲ့ကို"

"ဘာဖြစ်လဲ ကိုယ်ချစ်သူလေးကိုယ်နမ်းတာ "

"ဦးရှိန်းကဘာမှန်းလဲမသိဘူး သွားမယ်အလုပ်နောက်ကျလိမ့်မယ်"

ရှက်ပြီးမျက်နှာလေးရဲနေတဲ့ ဒေးက ရှိန်းကားပေါ်ပြေးတက်လို့သွားတော့သည်။ ရှိန်းမှာလဲ ထိုလူသားလေးကို သဘောတွေကျကာ ပြုံးနေမိပြီး အနောက်ကလိုက်၍ကားမောင်းကာ ဆိုင်ကိုလိုက်ပို့လိုက်သည်။

ဦးရှိန်းအကြည့်တွေကိုဒေးအခုထိရင်မဆိုင်ရဲသေးပါ။ ဒီလူကြီးအပြုအမူတွေက ဒေးကိုရင်ခုန်စေတယ်။ အခုလဲကြည့်ကားမောင်းနေတာကို ဒေးကိုစိုက်စိုက်ကြည့်နေပြန်တယ်။ ဒေးဖြင့်ရှက်လွန်းလို့ ပန်းတွေကြားခေါင်းကိုဖွက်ထားမိတယ်။

ErrorWhere stories live. Discover now