E.29

4.4K 77 9
                                    

တစ်ဖက်တွင်တော့ ရေပြင်လှိုင်းတစ်ယောက် ဦးမင်းဆွေဆီကအကြောင်းအရာအချို့ကိုသိလိုက်ရပြီးအပြန်လမ်းမှာ ဒေးရှိတဲ့ဆိုင်ဖက်လှည့်ခဲ့ရာ ခြောက်နာရီကျော်သာရှိသေးတာကို ဘာလို့ဆိုင်ကသိမ်းနေတာလဲ။လှိုင်းကားပေါ်ကဆင်းပြီး ဆိုင်ထဲဝင်ကြည့်လိုက်တော့ သူတွေ့ချင်တဲ့သူမတွေ့မရပဲမတွေ့ချင်တဲ့သူကိုသာတွေ့လိုက်ရသည်။

"ဘာလို့မင်းတစ်ယောက်ထဲလဲ ကျန်တဲ့သူတွေကယော"

"မမြင်ဘူးမှက်လား မမြင်ရင်မရှိလို့ပေါ့"

"ဟေ့ ဒီမှာစကားကိုကောင်းကောင်းပြောလို့မရဘူးလား"

"မင်းကယော ကောင်းကောင်းမေးလို့လား"

ဒီနေ့ဆိုင်ကိုတိမ်တစ်ယောက်ထဲတာဝန်ယူထားရသလို အရင်အလုပ်တွေလိုမဟုက်ပဲ ဆိုင်ရှင်အမကယော အလုပ်တူတူလုပ်တဲ့လုပ်ဖော်ကိုင်ဖက်ကပါသူ့ပေါ်အရမ်းကောင်းတာမု့ိ အများကြီးအဆင်ပြေလို့နေကာ ဒီအလုပ်မှာလုပ်ရတာလဲပျော်လို့နေသည်။ လစာလေးမဆိုသလောက်နည်းပင်မဲ့လဲ သူ့အဖို့လုံလောက်အောင်တော့သုံးရတာပေါ့။ မမကြူကဒီနေ့စောစောပြန်သွားတာမို့ သူလဲဆိုင်လေးစောစောသိမ်းရန်သန့်ရှင်းရေးလုပ်နေတုန်း ဆိုင်ကိုဟိုနေ့ကအရှုပ်ထုတ်ကရောက်လာပြီး လူကိုကျောရေမောရေနဲ့ သူတောင်ကောင်းကောင်းမပြောတာ တိမ်ကရောကောင်းကောင်းပြောစရာလား ဝေးသေး ရောင်းသူဝယ်သူအသံတူတူပဲ။

"ကျစ် ဘယ္လိုလူလဲမသိဘူး လူကြည့်တော့တစ်ကိုင်စာပဲရှိတယ် ကြည့်လု့ိကိုမရဘူး"

"ငါကယောမင်းကိုကြည့်လို့နေတယ်ထင်နေလို့လား ဘာဝယ်မှာလဲမဝယ်ရင်လဲသွားတော့"

လှိုင်းတစ်ယောက်တစ်ခွန်းမကျန်ပြန်ပြောနေတဲ့သူရှေ့ကလူကို တဂယ်ပဲကြည့်မရ စတွေ့ထဲကအချိုးမပြေဘယ်တော့မှလဲအချိုးပြေလာမှာမဟုက်ဘူး။ လှိုင်းဆက်မနေချင်တော့တာမို့ အိမ်ကိုပဲပြန်လာလိုက်တော့သည်။
......................................................

"မင်းမကောင်းတဲ့ကောင် မင်းလိုကောင်ကိုငါမချစ်ဘူး ဘယ်တုန်းကမှလဲမချစ်ခဲ့ဘူး"

"တောင်းပန်ပါတယ် ဒေးတောင်းပန်ပါတယ်"

"မတောင်းပန်နဲ့ မင်းကိုငါမုန်းတယ် မင်းကိုငါအရမ်းမုန်းတယ် ဒေးနန္ဒ!!"

ErrorWhere stories live. Discover now