E.8

3.3K 81 1
                                    

ရှိန်းမှာတော့ တစ်ညလုံးအိပ်မပျော်နိုင်စွာ ညကပျောက်သွားတဲ့ကိစ္စကိုတစ်ယောက်ထဲမကျေနပ်နိုင်ကာ အစောကြီးထပြီးဆိုင်ရှေ့နားကားရပ်ပြီးစောင့်ကြည့်လို့နေရင်း ကားထဲမှေးခနဲအိပ်ပျော်သွားပြီး သူလန့်နိုးတော့ အဖြူရောင်ရှပ်နဲ့သူဟာလေးက ဆိုင်ဖွင့်ပြီးသန့်ရှင်းရေးတောင်လုပ်နေပြီ။

ရှိန်းလဲ အိကျႌနဲ့ဆံပင်ကိုသေချာသပ်ရပ်လိုက်ပြီး ကားပေါ်ကဆင်းကာ ဆိုင်ထဲဝင်လာတော့ ကြမ်းတိုက်တံကိုကိုင်ပြီးကြမ်းတိုက်နေတဲ့ကောင်လေးကတဂယ်အသဲယားစရာ။ ရှိန်းလဲမှာနေကြအတိုင်းမှာလိုက်တော့ ရှိန်းကိုခပ်ချေချေဆိုင်မဖွင့်သေးဘူးဆိုကာ သူအလုပ်သူလုပ်နေကာ မဟာရှိန်းမာန်တို့က ဒီလောက်အေးဆေးပဲဆိုကာ ထိုင်စောင့်မယ်ဆိုပြီးခက်တည်တည်ထိုင်စောင့်နေလိုက်သည်။

ရှိန်းပုံမှန်အတိုင်း သူ့လှုပ်ရှားမှုတွေကိုမျက်တောင်မခက်လိုက်ကြည့်နေရင်း ဖုန်းထဲဝင်လာတဲ့emailကြောင့် ရှိန်းဖုန်းကိုထုတ်စစ်ဆေးနေကာ ခနကြာတော့ ဆူဆူညံညံအသံကြောင့် ရှိန်းအသံလာယာကြည့်လိုက်ကာ အကောင်ပေါက်လေးက ဘာတွေတစ်ယောက်ထဲပြာယာခက်နေလဲမသိ ရှိန်းပြုံးတောင်ပြုံးမိသွားသည်။

ရှိန်းကော်ဖီတစ်ငုံလောက်သောက်ပြီး ရုံးချိန်ရောက်နေပြီမို့ သွားရပေအုံးမယ်။ ဖြစ်နိုင်ရင်ရှိန်း တစ်နေကုန်တောင်ထိုင်ကြည့်နေချင်တာ ဒါပင်မဲ့လဲ အလိုက်ကမ်းဆိုးမသိတဲ့ရှိန်းအတွင်းရေးမှူးက မိုးမလင်းသေးထဲက တောက်လျှောက်အလုပ်mailတွေပို့နေတာမို့ အဲ့ကောင်လဲအလုပ်ရောက်မှတွေ့အုံးမယ် ကျိမ်းလိုက်ပြီး ကော်ဖီဖိုးကိုခွက်နဲ့ဖိခဲ့ပြီး အလုပ်ရှုပ်နေတဲ့ကောင်လေးကို တစ်ချက်ကြည့်ပြီး ဆိုင်ထဲကနေထွက်ခဲ့သည်။

ဒေးအလုပ်တွေရှုပ်နေရာက ထိုလူကိုသတိမထားမိရာ ဒေးအလုပ်ပြီးချိန်ကြည့်မိလိုက်တော့ မရှိတော့။ ဘယ်ချိန်ထဲကထပြန်သွားလဲမသိလို်က် ဒါနဲ့ပဲဒေးခွက်သွားသိမ်းတော့။

"ဒီလူကတော့လုပ်ပြန်ပြီ"

မရှင်းဖို့ပြောခဲ့တာတောင် သေချာပေါက်ပိုက်ဆံ 5 ထောင်တန်တစ်ရွက်ထားခဲ့သေးတယ်။ တဂယ္ဘယ္လိုလူလဲမသိဘူး ဒေးထိုပိုက်ဆံလေးကို အိကျႌအိပ်ကပ်လေးထဲခေါက်ထည့်လိုက်ပြီး စာပွဲကိုသန့်ရှင်းကာ တစ်နေ့တာကိုစတင်လိုက်တော့သည်။

ErrorHikayelerin yaşadığı yer. Şimdi keşfedin