E.20

2.9K 63 0
                                    


"ဟင် ဦးရှိန်း ထမင်းစားပြီးပြီလား "

"ဟင့်အင်း ကိုယ်ဒေးကိုအရမ်းသတိရနေလို့ လာတွေ့တာ"

"ဦးရှိန်းကသိပ်ပိုတာပဲ ထမင်းမစားရသေးဘူးဆိုလဲ တစ်ခါထဲစားသွားလေ ဒေးဘာလုပ်ပေးရမလဲ"

"ဒေးထမင်းချိုင့်ဘာနဲ့ထည့်လာလဲ ကိုယ်စားချင်လို့"

"ဗ်ာ....ဟို..... "

ထမင်းစားချိန်ကြီးရောက်လာတဲဦးရှိန်းက ထမင်းစားပြီးလို့ကော်ဖီလာဝယ်တယ်ထင်တာ အခုထိတောင်ထမင်းမစားရသေးဘူးတဲ့လေ။ ဒေး ဦးရှိန်းစားဖို့တစ်ခုခုလုပ်ပေးဖို့မေးတော့ ထူးထူးဆန်းဆန်း ဒေးထမင်းချိုင့်ကိုစားချင်ပြန်သတဲ့။ ဒေးဒီနေ့နောက်ကျ၍ ကြက်ဥကိုခရမ်းချည်သီးငရုတ်သီးစိမ်းလေးနဲ့မွှေကြော်လာတာပဲပါတာမို့ ဦးရှိန်းကိုဖြေဖို့ခက်လို့နေသည်။

ဂျလောက်......

"ဟာ ကြက်ဥမွှေကြော်ပဲ ကိုယ်ကြိုက်တယ် စားမယ်နော်ဒေး"

"ဦးရှိန်း စားယောစားနိုင်လို့လားဟင် ဒေးတစ်ခုခုလုပ်ပေးမယ်လေ"

"ဒါပဲစားမယ် ကိုယ်ကကြက်ဥမွှေကြော်ဆိိုသိပ်ကြိုက်တာ ဒေးလဲလာလေ ကိုယ်တို့တူတူစားရအောင်"

သေချာပေါက်ဒေးတားလို့မရတော့ဘူးဆိုတာသိတာမို့ ဆက္တားမေနေတာ့ပဲ ဦးရှှိန်းကိုသက်ပျင်းချကာ ထမင်းတစ်ချိုင့်ထဲနှစ်ယောက်စားကာ ဥိးရှိန်းကခွန့်လိုက် ဒေးကခွန့်လိုက်နဲ့ ကြည်နူးနေကြကာ စကားတွေပြောပြီးလဲ ရယ်မောနေကြသေးသည်။

မဟာရှိန်းမာန်နဲ့ဒေးတို့ချစ်သူဖြစ်ပြီးနောက်ပိုင်း ရှိန်းကအရင်လိုမဟုက်တော့ပဲ အများကြီးပြောင်းလဲလာကာ မိုးလင်းလဲဒေး နေ့လည်လဲဒေး ညလဲဒေးအချိန်တိုင်းတစ်ဒေးထဲဒေးနေကာ ဒေးကိုလဲမျက်စိအောက်ကအပျောက်မခံတုန်နေအောင်ချစ်သလို ဒေးကလဲသူ့ကြောင့်အများကြီးပျော်ရွှင်နေသည်။

တော့ကသူ့စကားအတိုင်း ရှိန်းဆီကခွင့်တောင်းကာ ဂိုဏ်းဘက်ကိုပြန်ဝင်သွားပြီး ရေးနဲ့ဝေးရာမြို့တစ်မြို့ကိုထွက်သွားကာ ရေးမှာတော့အလုပ်ကတစ်ပက်လောက်နားလိုက်ရပြီး သူ့ရင်ဘက်ကိုသူကုစားရင်းမေ့နိုင်အောင်ကြိုးစယးပင်မဲ့ အဲ့လူကိုရေးတဂယ်မမေ့ခဲ့။ အရင်လိုအလုပ်ခွင်ကိုပြန်ဝင်ရင်း သူ့ဘဝကိုအလုပ်ထဲပဲစိတ်နှစ်ထားသည်။

ErrorWhere stories live. Discover now