E.22

2.3K 67 6
                                    

ရှိန်းရဲ့ဂရုစိုက်မှုတွေကြောင့် သိပ်မပြင်းထန်တဲ့ဒေးရဲ့ခြေထောက်ဒဏ်ရာလေးဟာ နှစ်ရက်အတွင်းသက်သာပျောက်သွားပြီး ထောက်ပြီးလဲလျှောက်လို့ရနေကာ လမ်းသွားရတာလဲထော့နဲ့မနေတော့၍ မက်တပ်လဲကောင်းကောင်းရပ်နိုင်နေသည်။ ဒီနေ့ ဒေးစောစောလေးလဲနိုးနေကာ ရှိန်းအတွက်မနက်စာစီစဉ်ပေးရန် မီးဖိုထဲအလုပ်ရှုပ်နေတော့သည်။

ဒီရက်ထဲအပြင်ကဝယ်စားနေရ၍ ဒေးလဲဂတွင်းမတွေ့သလို ဦးရှိန်းလဲကြိုက်မှာမဟုက်ဘူးလို့သူထင်တာမို့ ဒီန့မနက်စာတော့ဒေးလက်ရာလေးဦးရှိန်းကိုကျွေးချင်တာကြောင့် အိမ်မှာရှိတာလေးနဲ့ထမင်းကို ကြက်ဥလေးနဲ့ကြော်ပြီး ပေါင်မုန့်မီးကင်လေးယော စီစဉ်ကာ အဆင်သင့်စားပွဲပေါ်ခင်းထားပြီး ဦးရှိန်းကိုနှိုးရန် ဒေးအခန်းထဲရောက်တော့ ဦးရှိန်းဖုန်းကလာနေတာနဲ့တန်းတိုးသည်။

ဒေးဖုန်းကိုယူကြည့်လိုက်တော့ မှက်ထားချင်းမရှိတဲ့နံပါတ်ဖြစ်ကာ ဦးရှိန်းကိုနှိုးဖို့လူပ်တော့ အိပ်မောကျနေတာမို့ဒေးမနှိုးရက်ပဲ ကိုင်ရမလားမကိုင်ရမလားတွေဝေနေပြီး အကိုင်ပြန်ရင်လဲအရေးကြီးတဲ့ဖုန်းဆို ဘယ္လိုလုပ္မလဲဟု တွေးနေကာ နောက်ဆုံးအရဲစွန့်ကာကိုင်လိုက်သည်။

"hello...."

"ဘယ္သူလဲ ကိုကိုရော ဘာလို့ကိုကိုဖုန်းကိုလာကိုင်တာလဲ ကိုကိုဘယ်မှာလဲ "

ဒေးတစ်ဖက်ကမိန်းမအသံကြောင့် ဖုန်းကိုင်တာမှားပြီလို့တောင်တွေးလိုက်မိတယ်။ ဆက်ခနဲဆိုဒေးလက်ထဲကဖုန်းကိုဆွဲလုခံလိုက်ရ၍ ဒေးလန့်လို့သွားကာ ဦးရှိန်းနိုးလာပြီးဖုန်းကိုဆွဲယူသွားတာပင်။

"hello...... ဒေစီလား ကိုယ်အလုပ်ကိစ္စနဲ့မန္တလေးရောက်နေလို့........အော်...အဲ့ဒါကိုယ်အစည်းအဝေးလုပ်နေတုန်းဝန်ထမ်းတစ်ယောက်ကိုင်လိုက်တာနေမယ်"

"ဟုက်ပြီလေ အဲ့ကိစ္စတွေခရီးကပြန်လာမှပြောကြတာပေါ့ အလုပ်လေးရှိသေးလို့ ဒါပဲနော်"

ရှိန်းဖုန်းကိုချလိုက်ပြီး ပြန်လှည့်လိုက်တော့ အခန်းထဲဒေးကရှိမနေတော့ ဘယ်ချိန်ထဲကထွက်သွားမှန်းမသိလိုက်။ သူဖုန်းအသံကြောင့်လန့်နိုးလာတော့ ဒေးကဖုန်းကိုင်နေပြီမို့ကျန်တဲ့သူဆိုကိစ္စမရှိပင်မဲ့ မာမီသာဆိုသူယောဒေးအတွက်ပါမကောင်းတာကြောင့် စကားတွေမလွန်ခင် ရှိန်းဖုန်းကိုယူပြီးပြောလိုက်တော့ ဒေစီဝင့်လွှာဖြစ်လို့နေကာ ရှိန်းအတွက်နည်းနည်းစိတ်သက်သာရာရသွားပင်မဲ့ ခုနကဖုန်းကိုင်တာဘယ်သူလဲဘာညာရစ်နေတာမို့ ရှိန်းအနည်းငယ်လိမ်ပြောလိုက်တော့မယုံချင်ယုံသွားပြီး မင်္ဂလာကိစ္စဘာညာဆက်ပြောနေတာကြောင့် အလုပ်အကြောင်းပြအမြန်ဖုန်းချလိုက်တာဖြစ်သည်။

ErrorWhere stories live. Discover now