|| အမှန်တရား သို့မဟုတ် ပရိယာယ် ၊ ရိပ်စားမိဖို့ခက်လှတယ် [ အပိုင်း ၃ ] ||
" ချီရုံ မင်းပါးစပ်ကို ပိတ်ထားစမ်း !!!"
ရှဲ့လျန်က အော်လိုက်တယ် ။
လန်ချန်းချိုးက သူ့ဘက်လှည့်လာပြီး ဒေါသတကြီးပြောတယ် ။
" သူက ဘာလို့ ပါးစပ်ပိတ်ထားရမှာလဲ ? သူပြောတာ အမှန်တွေ မလို့လား ?? ရွှေအတိဂုဏ်ပြုထမင်းစားပွဲမှာ ခင်ဗျားနဲ့ အန်းလာ့တို့နှစ်ယောက်လုံး လက်ချက်ပါတယ် ! တစ်ယောက်က ကျုပ်ရဲ့တစ်မိသားစုလုံးကို သတ်တယ် နောက်တစ်ယောက်က ကျုပ်ရဲ့ ခမည်းတော်ကို အသက်ဇီဝိန်ချုပ်စေခဲ့တယ် ! ခင်ဗျားတို့ အားလုံး ကျုပ်ကို လိမ်ညာနေတာပဲ !!!!"
ရှဲ့လျန်က အလျင်အမြန်ပဲ ပြန်ပြောတယ် ။
" သူပြောတာတွေ နားမထောင် ...."
ချီရုံက ကြားဖြတ်ဝင်အော်တယ် ။
" အမှန်ပဲ !!! အားလုံးက မင်းကို လိမ်နေကြတာ !!!! မင်းဒီလောက် တုံးအတာ မင်းကိုမှ မလိမ်ရင် ဘယ်သူ့သွားလိမ်ရမှာလဲ ?? ဟို လမ်းတကာလှည့်လည်ဖျော်ဖြေတဲ့ သူသာ ဝင်မရှုပ်ခဲ့ရင် မင်းအသက် အသက်ဆယ့်နှစ်နှစ်မှာကတည်းက ရှန်းလာ့တွေက မင်းရဲ့ အသက်ကို နှုတ်ယူလိုက်ပြီးပြီ မင်းဒီလို ကောင်းကောင်းမွန်မွန်ကြီးပြင်းပြီး နတ်ပြည်တက်နိုင်ပါ့မလား ?"
လန်ချန်းချိုးက သံယောင်လိုက် ရေရွတ်လိုက်တယ် ။
" ဆယ့်နှစ်နှစ်?"
သူ အသက်ဆယ့်နှစ်နှစ်တုန်းက ဖြစ်ခဲ့တဲ့ အကြီးမားဆုံး ကိစ္စရပ်ဟာ ပြန်ပေးဆွဲခံရပြီး ရှဲ့လျန်က ကယ်တင်ပေးခြင်းကို ခံခဲ့ရတာပဲ ။ သူက လေသံမာမာနဲ့ ပြောလိုက်တယ် ။
" အဲဒီနှစ်က နန်းတော်ထဲဖောက်ဝင်လာတဲ့ မသမာသူတွေက ရှန်းလာ့သားတွေ လွှတ်လိုက်တဲ့လူတွေလား ?"
ချီရုံက ပြောတယ် ။
" ပေါက်တက်ကရတွေ ! နန်းတော်အစောင့် တစ်ရာကျော်လောက်မျက်စိရှေ့မှာ သူတို့အိမ်ရှေ့စံကို ပြန်ပေးဆွဲသွားတဲ့ သူတွေက သာမန်လုပ်ကြံသူတွေ ဖြစ်မယ်လို့ မင်းထင်နေတာလား ? ငါက အန်းလာ့ကို ကူညီပေးခဲ့တာ !"