25-မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန်

600 78 1
                                    

|| မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန် [ အပိုင်း ၂] ||

"စန်းလန် မင်းဘာမှ မဖြစ်ဘူးမဟုတ်လား? ငါ့ကို ချပေးဦး"

ရှဲ့လျန်က ပြောတယ် ။

"မဆင်းနဲ့" စန်းလန်က ပြန်ဖြေတယ် ။

တုံ့ပြန်မှုကြောင့် ရှဲ့လျန်ကိုယ်က အနောက်ကိုယို့သွားမိတယ် ။ ဘယ်လိုဖြစ်တာလဲ? မြေပြင်ပေါ်မှာ တစ်ခုခုများရှိနေလို့လား?

လက်တစ်စုံဟာ သူ့ကို လွှတ်ပေးဖို့ အစီအစဉ်မရှိခဲ့သလိုမျိုး တင်းတင်းကျပ်ကျပ် ပွေ့ချီထားဆဲ ။ ရှဲ့လျန်က သူလက်ကို မြှောက်ပြီး အသာအယာ တွန်းဖယ်ဖို့ စိတ်ကူးလိုက်ပေမဲ့ သူ့ရဲ့လက်တွေ စန်းလန်ရဲ့ ရင်ဘတ်ပေါ်တင်လိုက်မိရုံနဲ့ သူအခုလေးတင် စန်းလန်ကို ဟိုဟိုဒီဒီလျှောက်စမ်းနေမိပြီး သူ့ရဲ့ လည်ဇလုပ်ကိုတောင် စမ်းမိခဲ့တာကို ခေါင်းထဲမှာ ဖြတ်ခနဲ အမှတ်ရသွားကာ လက်ကို အသာလေး ပြန်ရုတ်လိုက်ပြန်တယ် ။

ဘာတွေ ဖြစ်ကုန်မှန်း သူမသိပေမဲ့ ရှဲ့လျန်အနေနဲ့ " ကသိကအောက်နဲ့ နေရခက်မှု" ဆိုတဲ့ စကားလုံးကို ဘယ်လိုရေးရမှန်းတောင် မသိတော့လောက်အောင် နေထိုင်လာခဲ့တာ နှစ်တစ်ရာလောက် ရှိနေခဲ့ပြီ ။ ဒါပေမဲ့ အခုအချိန် သူ့နှလုံးသားထဲမှာ သူ့ကို သတိပေးနေတဲ့ အသံတစ်သံ ရှိနေခဲ့တယ် ။ အဲဒါက သူ့ရဲ့ ခြေလက်တွေကို လျှောက်လှုပ်မနေပဲ ငြိမ်ငြိမ်နဲ့ ဆိတ်ဆိတ်နေ နေလိုက်ဖို့ပဲ ။

အဲဒီအချိန် ဒေါသတကြီးနဲ့ ပူဆွေးသောက ရောက်နေတဲ့ အော်ဟစ်မြည်တမ်းသံတစ်ခု ကျင်းရဲ့ တစ်ဖက်ခြမ်းဆီက ထွက်ပေါ်လာတယ် ။

" မင်းတို့ဘာတွေ ဖြစ်ကုန်တာလဲ!!!"

အဲဒီအသံတွေက ပန့်ယွဲ့ဘာသာစကားနဲ့ ဖြစ်ပြီး အသံကိုကြားရုံနဲ့ သူဟာ ရှဲ့လျန်သူနဲ့အတူဆွဲချလာခဲ့တဲ့ စစ်သူကြီး ခေါ့မော် မှန်း သိနိုင်တယ် ။ ခေါ့မော် ကိုယ်တိုင်က သေပြီးသားဖြစ်တဲ့အတွက် ပြုတ်ကျမှုကြောင့် မသေနိုင်သလို သူပြုတ်ကျတဲ့ အရှိန်ကြောင့် မြေပြင်ပေါ်မှာ တွင်းချိုင့်ခွက်ကြီး ဖြစ်သွားစေတယ် ။ သူအဲဒီတွင်းဆီက ပြန်တက်လာပြီးတဲ့အခါ စတင်အော်ဟစ်တော့တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Where stories live. Discover now