|| တောင်ပေါ်မှာ ဖုံးကွယ်ခံထားရတဲ့ ရှေးဟောင်း နတ်ကွန်း ၊ ဇောက်ထိုးတွဲလောင်းဆွဲ အလောင်းကောင်တောအုပ် [ အပိုင်း ၂ ] ||
သူတို့နှစ်ယောက်လုံး မင်ကွမ်း နတ်ကွန်းဆီ အမြန်ပြန်ပြေးလာကြတယ် ။ ဒါပေမဲ့ ခန်းမဆောင်ကြီးဟာအခုတော့ လုံးဝဟာလာဟင်းလင်း ။ မူလက သတို့သမီးတွေရှိခဲ့တဲ့နေရာမှာ ကျန်ရစ်ခဲ့တဲ့ အရာတွေကတော့ ဖရိုဖရဲ ပြန့်ကျဲနေတဲ့ အနီရောင် ဇပဝါတွေအပုံလိုက်ပဲ ။
အဲဒီအခြင်းအရာကို မြင်လိုက်ရတာနဲ့ ရှဲ့လျန်စိတ်နှလုံးဟာ ဗြောင်းဆန်သွားတယ် ။
[ သွားပြီ သွားပြီ ! အကုန်သေကုန်တော့မယ် ! သေကုန်တော့မှာပဲ !! ]
သူချက်ချင်းပဲ ကြမ်းပြင်ပေါ်က ဇာပဝါတွေကို ကောက်လိုက်တယ် ။ သူကောက်ပြီးပြီးချင်း နတ်ကွန်းအပြင်ဘက်က ကြောက်လန့်တကြား အော်ဟစ်သံတွေ ကြားလိုက်ရတယ် ။ နန်ဖုန်းနဲ့ ရှဲ့လျန် တို့ ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်လိုက်တဲ့အခါ ကြက်သွေးနီရောင် မင်္ဂလာဝတ်စုံတွေနဲ့ သတို့သမီး ဒါဇင်ထက်မနည်းဟာ ရွာသားတွေကို ဝိုင်းထားတာတွေ့လိုက်ရတယ် ။ အဲဒီနောက် သူတို့ဟာ ရွာသားတွေဆီ တဖြည်းဖြည်းတိုးကပ်သွားနေကြတယ် ။
အဲဒီမိန်းမတိုင်းရဲ့ မျက်နှာတွေဟာ သွေးဆုတ်ဖြူလျော်နေပြီး အတောင့်လိုက်ကြီးတွေ ပြုံးနေကြတယ် ။ သူတို့ရဲ့လက်တွေကို အရှေ့ကို ကိုယ်ခန္ဓာကိုယ်နဲ့ ထောင့်မှန်ကျ ဆန့်တန်းထားတယ် ။ အဲဒီမိန်းမတွေဟာ သေချာပေါက် ဒီနတ်ကွန်းထဲက အလောင်းကောင်တွေပဲပေါ့ ။
ရွာသားတွေအားလုံးဟာ ထိတ်လန့်ကြောက်ရွံ့နေကုန်ပြီး သတို့သမီးတွေ သူတို့ဆီ တဖြည်းဖြည်းကပ်လာတာကို ကူကယ်ရာမယ်စွာ ကြည့်နေရုံပဲ တတ်နိုင်ကြတယ် ။ အခုတော့ ပတ်တီးနဲ့ကောင်လေးကိစ္စကို ဘယ်သူမှ အမှတ်မရနိုင်ကြတော့ ။ လူတွေဟာ ကစဉ့်ကလျား လျှောက်ပြေးကုန်ကြတယ် ။ ရှောင်ယင်ဟာ ချက်ချင်းပဲ ပြေးသွားပြီး ပတ်တီးတွေနဲ့ ကောင်လေးကို ကာကွယ်ပေးတယ် ။ ရှဲ့လျန်ကတော့ မတတ်နိုင်စွာနဲ့ဘဲ " မပြေးကြနဲ့ !!!" လို့ အော်နေခဲ့တယ် ။