45-ကောက်ကျစ်တဲ့ ပုရောဟိတ် ၊ သွေးချောင်းစီးတဲ့ ရွှေအတိ ဂုဏ်ပြုထမင်းစားပွဲ

913 125 7
                                    

|| ကောက်ကျစ်တဲ့ ပုရောဟိတ် ၊ သွေးချောင်းစီးတဲ့ ရွှေအတိ ဂုဏ်ပြုထမင်းစားပွဲ ||

ဖုန်းရှင့်က သူတို့နှစ်ယောက်နဲ့ အနီးဆုံးဖြစ်ပြီး သူက ရှဲ့လျန်ကို အထိတ်တလန့်မျက်နှာနဲ့ လှမ်းကြည့်လိုက်တယ် ။ တစ်ဖက်မှာ မုချင်ဟာ မျက်လုံးအရောင်တွေ တောက်နေပြီး ထိတ်လန့်မှုကို ထိန်းချုပ်ထားကာ သူ့မှာ ဖုံးကွယ်ထားတဲ့ စိတ်လှုပ်ရှားမှု အလွှာခပ်ပါးပါးရှိနေတယ် ။ ရှီးချင်းရွှမ်ဟာ မင်ရီကို လက်လွှတ်လိုက်ပြီး ပြောတယ် ။

" ချန်းချိုး သင် တစ်ခုခု အထင်လွဲနေတာများလား ? တကယ်လို့ အိမ်ရှေ့စံ အရှင့်သားကသာ ပုရောဟိတ် ဖန်းရှင်း ဆိုရင် သင်ဘာလို့ အခုမှ မှတ်မိရတာလဲ?"

ဘေးကရပ်ကြည့်နေသူတွေထဲက အသံတစ်သံထွက်လာပြန်တယ် ။

" ချင်းရွှမ် မင်းမသိဘူးလား? ဒဏ္ဍာရီတွေထဲပြောကြတာတော့ ပုရောဟိတ် ဖန်းရှင်းက မာနကြီးတယ် ပဟေဠိဆန်လျို့ဝှက်ပြီး အေးစက်တယ်တဲ့ ... သူက အမြဲတမ်း ရွှေဖြူမျက်နှာဖုံးကို တပ်ထားပြီး သူ့ရဲ့ ရုပ်သွင်ကို ဘယ်သူ့ကိုမှ မပြခဲ့ဖူးဘူးလို့ဆိုတယ် ... အရှင့်သားထိုက်ဟွာလည်း သူ့ရဲ့ ရုပ်သွင်ကို မမြင်ဖူးခဲ့ဘူးဖြစ်မယ် !"

ပြောတဲ့သူဟာ သူ့လက်တွေကို ပိုက်ထားရင်း ဘေးဘက် ခပ်လှမ်းလှမ်းမှာ ရပ်နေတယ် ။ သူက ဖေမင်ပဲ ။ သူ့မျက်နှာကို မြင်ရုံနဲ့ ရှီးချင်းရွှမ်ဟာ စိတ်အနှောက်အယှက်ဖြစ်သွားပြီး သူ့ရဲ့ သားမြီးယပ်ကို ယမ်းလိုက်ရင်း ပြောတယ် ။

" အဲဒါဆိုလည်း ပုရောဟိတ်ဖန်းရှင်းက ဘယ်လိုပုံစံလည်းဆိုတာ ဘယ်သူမှ မမြင်ဖူးကြဘူးပေါ့ ... ဒါကို ဘာကြောင့် စစ်သူကြီးဖေက အရှင့်သားရှန်းလာ့ဟာ ပုရောဟိတ်ဖန်းရှင်းပါလို့ သေချာနေတဲ့ လေသံမျိုးနဲ့ ပြောနေရတာလဲ?"

ရှီးချင်းရွှမ်နဲ့ ရှဲ့လျန်တို့နှစ်ယောက်ဟာ အတူတူအလုပ်လုပ်ခဲ့တဲ့ အချိန်တုန်းက အင်မတန်ပေါက်ကရအဖြစ်တွေနဲ့ ရယ်ချင်စရာဟာသတွေ ဖြစ်ခဲ့ကြပေမဲ့ ကောင်းကင်ဘုံ ညီလာခံ ခန်းမဆောင်ကြီးထဲမှာတော့ သူတို့ရဲ့ ပုံစံဟာ တည်ငြိမ် အေးဆေးပြီး နေသားတကျဟန် ဣန္ဒြေအပြည့်နဲ့ သူတို့ရဲ့အပြုအမူတွေကို အလေးအနက်ထား ဂရုတစိုက်ရှိနေကြတယ် ။ အဲဒီအချိန် အနောက်ဘက် ခန်းဆောင်ဆီက ဆီးနှင်းဖြူရောင် အရိပ်တစ်ခု ထွက်ပေါ်လာတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Donde viven las historias. Descúbrelo ahora