52-အမှန်တရား သို့မဟုတ် ပရိယာယ် ၊ ရိပ်စားမိဖို့ခက်လှတယ်

970 132 13
                                    

|| အမှန်တရား သို့မဟုတ် ပရိယာယ် ၊ ရိပ်စားမိဖို့ခက်လှတယ် [ အပိုင်း ၂ ] ||

ရှဲ့လျန်က ချီရုံဆီ တစ်ချက်ပြန်ကြည့်လိုက်တယ် ။ သူ့ကို တစ်ခဏမျှ စူးစိုက်ကြည့်နေပြီးနောက် ရှဲ့လျန်က ပြောလိုက်တယ် ။

" ချီရုံ မင့် ကြည့်ရတာ ဒီနှစ်တွေအတောအတွင်း အတော်လေး တောက်တောက်ပြောင်ပြောင် ရှိနေပါ့လား"

သူ့စကားဆုံးတာနဲ့ ဟွားချန်ဟာ ရှဲ့လျန်ရဲ့ အသွင်အတုအယောင်ကို ဖယ်ရှားပစ်လိုက်တယ် ။ သူ့ပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်လာတဲ့ သူသုံးယောက်ရဲ့ အသွင်အစစ်အမှန်တွေကို မြင်ရတဲ့အခါ ချီရုံ မျက်လုံးတွေ ပြူးကျယ်လာတယ် ။ လန်ချန်းချိုးက စိတ်ရှုပ်ထွေးစွာနဲ့ မေးတယ် ။

" ဝမ်းကွဲ နောင်တော်?"

အစောပိုင်း ချီရုံပြောတဲ့ " ငါတို့ ရှန်းလာ့" ဆိုတဲ့ စကားကို သူကြားမိခဲ့စဉ်က ဒီ တစ္ဆေစိမ်းရဲ့ အတိတ်ဘဝ အသွင်အစစ်အမှန်ဟာ ရှန်းလာ့ပြည်က တစ်ယောက်ယောက်ဖြစ်လိမ့်မယ်လို့ သူခန့်မှန်းနိုင်ခဲ့ပေမဲ့ ချီရုံနဲ့ ရှဲ့လျန်တို့က ဒီလို ပတ်သတ်ဆက်နွယ်မှုမျိုးအထိတော့ ရှိခဲ့လိမ့်မယ်လို့ သူလုံးဝ မထင်ထားခဲ့ဘူး ။ ချီရုံဟာ ရှဲ့လျန်ရဲ့ မျက်နှာကို စိုက်ကြည့်နေတယ် ။ အဲဒီနောက် သူ့ရဲ့ တစ်ကိုယ်လုံးကို ထက်အောက် စုန်ဆန်ကြည့်ရင်း အဲဒီအကြည့်တွေထဲမှာ ထူးဆန်းအံ့သြနေတဲ့ အရိပ်အယောင်တွေ မက်မောအလိုကြီးတဲ့ အရိပ်အယောင်တွေ ဆာလောင်ကပ်ငြိနေတယ် ။ သူ့ရဲ့ အကြည့်တွေ ရှဲ့လျန်ရဲ့ ကျောမှာ လွယ်ထားတဲ့ ဓားရှည်ဖန်းရှင်းဆီ ရောက်သွားချိန်မှာတော့ သူဟာ ရုတ်တရက်ကြီး အားပါးတရ ဝါးလုံးကွဲ အော်ဟစ်ရယ်မောတော့တယ် ။

" လက်စသတ်တော့ ဒီလိုကိုး !!! ဒီလိုကိုး !!! ဖန်းရှင်းက ခင်ဗျား !! ခင်ဗျား ဖန်းရှင်းပဲ !!!! ဟားဟားဟားဟားဟားဟား !!!"

သူဘာကြောင့် အသည်းအသန်အော်ဟစ် ထရယ်နေလဲ မသိပေမဲ့ လန်ချန်းချိုးရဲ့ စိတ်ထဲ ဒါဟာ မသင့်တော်ဘူးလို့ ခံစားမိတာကြောင့် ဒေါသတကြီး အော်လိုက်တယ် ။

" ဘာရယ်စရာရှိလို့လဲ!!?"

ချီရုံက မုန်းတီးစွာနဲ့ ပြန်အော်တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Où les histoires vivent. Découvrez maintenant