|| ဒေါသပုန်ထနေတဲ့ နန်ယမ်း ၊ ရွှမ်ကျန်း နဲ့ တစ်ပွဲတစ်လမ်း ||
စကားလုံးတွေဟာ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဖော့ပြောလိုက်တာဖြစ်ပေမဲ့ သူတို့ဘေးမှာရှိနေကြသူအားလုံးကို ပင့်သက်ရှိုက်မိသွားစေတယ် ။ အတော်များများရဲ့ စိတ်ထဲမှာ "သင်က ဘာစွမ်းအားမှမရှိတဲ့ အမှိုက်ကောက်နတ်သာသာပဲ လန်ချန်းချိုးလို အရှေ့ပိုင်းပြည်နယ်ကို ပိုင်စားတဲ့ နတ်မင်းကို ဒီလိုပြောရအောင် ဘယ်လိုတောင်အရှက်မရှိတာလား ... သင်နဲ့တိုက်ရင် သူ မုချသေမယ် ? ဘယ်လိုတောင် တင်တင်စီးစီး စိတ်ကြီးဝင်နေမှုလဲ ! ပြောပုံက လန်ချန်းချိုးနဲ့ တိုက်ခိုက်ဖို့က မတန်လို့ ပြည်နှင်ဒဏ်ပဲ ပေးဖို့ တောင်းဆိုရတဲ့ ပုံစံနဲ့ အလကားလေလုံးထွား လျှောက်ပြောနေတာပဲ မဟုတ်ဘူးလား !" စသည်ဖြင့် ...။ လန်ချန်းချိုးကတော့ သူ့စကားလုံးတွေဟာ တစ်ဆိတ်ကို တစ်အိတ်လုပ်ပြီး ချဲ့ကားပြောနေတာလို့ လုံးဝမထင်ဘူး ။
" ကျုပ်ပြောပြီးပြီ ! သေသေရှင်ရှင် ကိစ္စမရှိဘူး ! ခင်ဗျား ကျုပ်ကို ငဲ့ညှာဖို့လည်း မလိုဘူး !"
ရှဲ့လျန်က သူ့ကို လျစ်လျူရှုထားပြီး ကျွင်းဝူထံ သူ့ရဲ့ တောင်းဆိုမှုကို ထပ်လောင်းပြောဆိုတယ် ။
" ကျွန်တော့်ကို လူ့ပြည်ကို ပြည်နှင်ဒဏ်ပေးဖို့ ထပ်လောင်းတောင်းဆိုပါတယ် အရှင် ဧကရာဇ်!!"
ရှီးချင်းရွှမ်က ရုတ်တရက် သူ့လက်ကို မြှောက်လိုက်ပြီး ဝင်ပြောတယ် ။
" ဆိုင်းငံ့ပါဦး ! ကျွန်တော်မျိုးမှာ ပြောစရာရှိပါသေးတယ် !"
" ပြောပါ လေအရှင်သခင်" ကျွင်းဝူကပြောတယ် ။
" ဒီမှာရှိနေတဲ့ သူအားလုံးက အရှင့်သား ရှန်းလာ့ဟာ လက်စားချေဖို့အတွက် ယုံအမ်း တော်ဝင်မိသားစုကို သွေးချောင်းစီးစေခဲ့တယ်လို့ တွေးထင်နေကြပုံပဲ .. ဒါဆိုရင် ယုံအမ်း အိမ်ရှေ့စံ အရှင့်သားထိုက်ဟွာကို သူဘာလို့ လွတ်ပေးလိုက်ရတာလဲ ? သဘာဝကျကျ ယုတ္တိရှိရှိတွေးမယ်ဆိုရင် လက်စားချေချင်တဲ့ သူအနေနဲ့ သူအပြတ်ရှင်းချင်ဆုံးသူဟာ အိမ်ရှေ့စံကိုပဲ ဖြစ်သင့်တာမဟုတ်ဘူးလား ... ကျွန်တော်မျိုးပြောတာ မှားလား ?"
![](https://img.wattpad.com/cover/358115851-288-k439964.jpg)