36-တိမ်ဆိုင်နီခြားလို့ပန်းသို့ရှုမျှော်၊ ဂရုဏာအပြည့်နဲ့နှလုံးသား

1K 131 8
                                    

|| တိမ်ဆိုင်နီနီ ခြားလို့ ပန်းတစ်ပွင့်သို့ ရှုမျှော် ၊ ဂရုဏာအပြည့်နဲ့ နှလုံးသားတစ်ခု [ အပိုင်း ၁] ||

ဟွားချန်ရဲ့ နှုတ်က ထွက်လာတဲ့ စကားလုံးတွေဟာ အလွန့်အလွန် တင်စီးစီးပိုးလွန်းပြီး ရင့်သီးတယ် ။ ထိုလူဟာ ဟွားချန်ရဲ့ စကားကြောင့် ဘေးလူတွေက ဝိုင်းလှောင်ပြောင်ရယ်မောတာကို ခံလိုက်ရပေမဲ့ ဘာမှ ပြန်ခံ မငြင်းရဲခဲ့ဘူး ။ ရှဲ့လျန်ကို စားပွဲရှည်ဆီ ဦးဆောင်ခေါ်လာတဲ့ ဧည့်ကြိုမိန်းကလေးက ပြုံးလိုက်တယ် ။

" ဒီနေ့ ဒီကသခင်လေးတော့ သိပ်ကံကောင်းတာပဲ"

ရှဲ့လျန်က စားပွဲရှည်ဆီက အကြည့်မရွေ့ဘဲ ပြန်ပြောလိုက်တယ် ။

" ဟုတ်လား?"

ဧည့်ကြိုမိန်းကလေးက ပြန်ဖြေတယ် ။

"ကျွန်မတို့ မြို့အရှင်သခင်က ဒီကို သိပ်လာလေ့မရှိဘူး ! ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကပဲ သူဒီကိုလာဖို့ စိတ်ကူးရှိလာတာ ဒါကံကောင်းတယ် မခေါ်ဘူးလား?"

သူမရဲ့လေသံအရ သူမဟာ သူတို့ရဲ့ "မြို့အရှင်သခင်" အပေါ် သိပ်ကို လေးစားသမှုရှိပြီး သူ့ကို မြင်တွေ့ရတာကတင် ကြီးမားတဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ်ရာ ချီးမြှောက်ခံရသလို သိပ်ကို ကိုးကွယ် အမြတ်တနိုးရှိတယ် ဆိုတာ ရှဲ့လျန် အတတ်ပြောနိုင်တယ် ။ ရှဲ့လျန်တစ်ယောက် ထိန်းမထားနိုင်ပဲ ပြုံးမိတော့တယ် ။

ကန့်လန့်ကာ ခန်းစီးစဟာ ပါးလွှာပြီး တလှပ်လှပ်လွင့်နေတယ် ။ အနီရောင်အရိပ်ဟာ ညို့ငင်ဆွဲဆောင်နေသလိုပဲ ။ အနီရောင် ကန့်လန့်ကာရဲ့ ရှေ့မှာ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ့ မိန်းမပျိုလေးတချို့ဟာ လောင်းကစားစားပွဲ ပေါ်ထောက်ရင်း ညှို့အားပြင်းပြင်းဟန်နဲ့ ဆွဲဆောင်မှုရှိစွာ ရပ်နေကြတယ် ။ အစကတော့ ရှဲ့လျန်က နောက်နားကပဲ ကြည့်ဖို့ စိတ်ကူးထားခဲ့တာ ။ ဒါပေမဲ့ ဟွားချန်ရဲ့ အသံကို ကြားလိုက်ရတဲ့အချိန် သူကိုယ်တိုင်တောင် သတိမထားမိလိုက်ဘဲ လူအုပ်ထဲ တိုးဝင်သွားမိတော့တယ် ။ နောက်ဆုံးတော့ စားပွဲရှည်ဆီရောက်အောင် သွားနိုင်ခဲ့ပြီး အလောင်းအစားလုပ်နေတဲ့ လူဆီ လှမ်းကြည့်လိုက်တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Where stories live. Discover now