27-မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန်

932 132 7
                                    

|| မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန် [ အပိုင်း ၄] ||

" ခေါ့မော် ! ဘာတွေဖြစ်တာလဲ?"

နတ်ဆရာမချုပ်က အောက်ရောက်တာနဲ့ ပန့်ယွဲ့ဘာသာစကားနဲ့ မေးတယ် ။

သူမစကားပြောလိုက်တဲ့ အချိန် သူမရဲ့အသံဟာ သူထင်ထားတာနဲ့ လုံးဝ ကွာခြားတယ်လို့ ရှဲ့လျန်တွေးမိတယ် ။ အေးစက်ပေမဲ့ သူမရဲ့အသံက ခပ်သေးသေးနဲ့ စိတ်ကောက်နေတဲ့ ကလေးတစ်ယောက် ညည်းညူနေသလိုလို ဖြစ်နေပြီး အေးစက်စက် အရှိန်အဝါရှိရှိမျိုး မဟုတ်ဘူး ။ သူသေချာနားမထောင်မိလို့ သေချာမကြားတာကြောင့်ပဲလား ။

" ဘာဖြစ်ရမှာလဲ!! အကုန်သေကုန်ပြီ!!" ခေါ့မော်က အော်တယ် ။

" ဘယ်လိုဖြစ်ပြီး အကုန်သေကုန်တာလဲ?" နတ်ဆရာမချုပ်က မေးတယ် ။

" နင်ပဲ သူတို့အကုန်လုံးကို တွန်းချပြီး ဒီစိတ်ပျက်စရာကောင်းတဲ့ ငရဲခန်းထဲမှာ ပိတ်မိနေစေခဲ့တာကြောင့်ပဲလေ မဟုတ်လို့လား!!!!"

" ဘယ်သူရှိနေတာလဲ ? ဒီမှာ နောက်ထပ် တစ်ယောက်ရှိနေသေးတယ်!" နတ်ဆရာမချုပ်က ပြောတယ် ။

ကျင်းရဲ့ အောက်ခြေမှာ လူ နှစ်ယောက် ရှိနေတယ် ဖြစ်သင့်တာ ။ ဒါပေမဲ့ စန်းလန်ဟာ အသက်လည်းမရှု သူ့ဆီက နှလုံးခုန်သံလည်း မကြားရတာကြောင့် နတ်ဆရာမဟာ သူရှိနေတာကို သတိမပြုမိဘူး ။ စောစောပိုင်းက နံရံအပေါ်မှာ လုံးဝကို ဖရိုဖရဲသွေးပျက်စရာတွေ ဖြစ်နေခဲ့တာကြောင့် ဘယ်သူ ပြုတ်ကျပြီး ဘယ်သူ ထွက်ပြေးလွတ်မြောက်သွားလဲ ဘယ်သူမှ သတိမထားမိခဲ့ကြဘူး ။ဒါကြောင့် သူမဟာ ရှဲ့လျန်တစ်ယောက်သာ ဒီမှာ ရှိနေတယ်လို့ ထင်နေတယ် ။

" ငါ့စစ်သည်တွေအကုန်လုံးကို သတ်ခဲ့တဲ့ကောင်တွေလေ ! နင်အခု သိပ်ကျေနပ်သွားပြီ မဟုတ်လား ? နင်သတ်ချင်တဲ့ သူအားလုံး အခုတော့ အကုန်သေကုန်ပြီ !!"

နတ်ဆရာမဟာ တိတ်ဆိတ်နေတယ် ။ ရုတ်တရက် သေးငယ်တဲ့ မီးတောက်အရောင်လေး ဖြတ်ခနဲ တောက်လာပြီး လက်ဖဝါးပေါ်မှာ မီးတောက် အစီအရင်နဲ့ ပုသေးသေး အနက်ရောင်ဝတ်ထားတဲ့ မိန်းကလေးကို ပြပြလေး မြင်လိုက်ရတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)حيث تعيش القصص. اكتشف الآن