17-ဖူကျိနတ်ကွန်းအတွင်း ၊ ပန့်ယွဲ့ တောင်ကြားရဲ့ ထူးဆန်းတဲ့ ပုံပြင်

734 85 2
                                    

|| ဖူကျိနတ်ကွန်းအတွင်း ၊ ပန့်ယွဲ့ တောင်ကြားရဲ့ ထူးဆန်းတဲ့ ပုံပြင် [ အပိုင်း ၁] ||

စန်းလန်က သူ့ကို တစ်ချက်ကြည့်လိုက်ရင်း သဘောတကျလေး တစ်ချက်ရယ်ကာပြောတယ် ။

" ကျွန်တော် အပြင်ခဏသွားလိုက်ဦးမယ် "

သူက ပြောပြီးလျှင် ပြောပြီးချင်း တစ်ခါတည်း လှည့်ထွက်သွားတော့တယ် ။ ယေဘုယျအားဖြင့်ဆိုရင်တော့ ရှဲ့လျန်က သူ့နောက်လိုက်ပြီး အကြောင်းအရင်းကို မေးဖို့ပဲ ။ ဒါပေမဲ့ သူ့စိတ်ထဲ ထူးဆန်းတဲ့ ခံစားမှုမျိုးရှိနေခဲ့တယ် ။ အကြောင်းက ကောင်လေးဟာ ခဏသွားလိုက်ဦးမယ်လို့ ပြောသွားကတည်းက သူကြာမှာမဟုတ်လောက်ဘူးလို့ ခံစားမိနေတာပဲ ။ ဒါကြောင့်ရှဲ့လျန်လည်း ကိုယ့်ဟာကိုယ် နတ်ကွန်းလေးထဲ ပြန်ဝင်လာခဲ့တယ် ။

ရှဲ့လျန်က သူမနေ့က မြို့ရဲ့ လမ်းကြိုလမ်းကြားတွေထဲ လျှောက်သွားရင်း ကောက်လာတဲ့ ပစ္စည်းတွေထဲ လှန်လှောရှာဖွေလိုက်တယ် ။သူ့ရဲ့ ဘယ်ဘက်လက်ထဲမှာ သတ္တုအိုးတစ်လုံးကို ဆုတ်မိပြီး သူ့ရဲ့ ညာဘက်လက်မှာတော့ ဟင်းချက်ဓားတစ်ချောင်းပါလာခဲ့တယ် ။ သူက ပူဇော်ပွဲစင်ပေါ်က ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေ အပုံလိုက်ကို တစ်ချက်ကြည့်လိုက်ပြီး ထရပ်လိုက်တယ် ။

အမွေးတိုင် တစ်တိုင်ထွန်းစာလောက် အချိန်ကြာပြီးတဲ့နောက် ဖူကျိနတ်ကွန်းလေးအပြင်က ခြေသံကြားလိုက်ရတယ် ။ အဲဒီခြေသံတွေဟာ မညင်သာသလို အလျှင်လိုနေဟန်လည်း မရှိ ။ ကြားလိုက်ရုံနဲ့ လူငယ်တစ်ယောက် ပုံမှန်အတိုင်း ပေါ့ပေါ့ပါးပါး လျှောက်လာတယ်ဆိုတာ အလွယ်တကူ ခန့်မှန်း သိနိုင်တယ် ။

အဲဒီအချိန် ရှဲ့လျန်လက်ထဲမှာ ကိုင်ထားတဲ့ အရာတွေက ပန်းကန်ပြားနှစ်ချပ်ဖြစ်နေခဲ့ပြီ ။ သူက သူ့ရဲ့ ဘယ်ဘက်နဲ့ ညာဘက်က ပန်းကန်ပြားတွေထဲက အရာတွေကို ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်တယ် ။ အဲဒီအရာတွေကို ထပ်မကြည့်ချင်တော့သလိုနဲ့ စားပွဲပေါ်ချလိုက်ပြီး အပြင်ဘက် ထွက်ကြည့်လိုက်တဲ့အခါ သူမျှော်လင့်ထားခဲ့သလိုပဲ စန်းလန်ကို ထပ်တွေ့လိုက်ရတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Where stories live. Discover now