24 - Abandoned Hospital (8)

Start from the beginning
                                    

[အထိန်းအကွပ်မဲ့လှုပ်ရှားမှု ပြီးဆုံးပါပြီ။]

ဤတစ်ကြိမ်တော့ အထိန်းအကွပ်မဲ့လှုပ်ရှားမှုက သိပ်မကြာခဲ့ပေ။ ချန်ကျစ်ချူးမှာ လွတ်လပ်မှုပြန်ရသွားသော သူ၏ခန္ဓာကိုယ်လေးကို ကောင်းကောင်း မထိန်းချုပ်နိုင်ခင်မှာပင် ပြေးဝင်လာသော ဝက်ဝံရုပ်ကို မြင်လိုက်ရလေ၏။ ကြောက်ကြောက်လန့်လန့်ဖြင့် ဂျိုရှုအာ၏လည်ဆွဲကို မသိစိတ်အရ ဆုပ်ကိုင်လိုက်မိသည်။

အစိမ်းရောင်အလင်းဖျော့ဖျော့တစ်ခု ဖြာထွက်သွားပြီး ဝက်ဝံရုပ်၏ လှုပ်ရှားမှုက ရုတ်တရက် ချုပ်နှောင်ခံလိုက်ရသလို နေရာမှာတင် ရပ်တန့်သွားသည်။

ထိုအချုပ်အနှောင်က အားသိပ်မပြင်းပေ။ ဝက်ဝံရုပ်လေးအနေဖြင့် အလွယ်တကူ ရုန်းထွက်နိုင်သော်လည်း ပိုင်ရိ၏ အေးတိအေးစက် အကြည့်စူးစူးကို မြင်လိုက်ရသဖြင့် ချက်ချင်း စိတ်ပြောင်းသွားပြီး သည်အတိုင်း ချုပ်နှောင်ခံလိုက်သည်။

[ကျိန်စာသင့်ပစ္စည်းက အကျိုးသက်ရောက်မှုရှိပါသည်။]

[မကောင်းဆိုးဝါးကို ၎င်း၏လုပ်နိုင်စွမ်းထက် မကျော်လွန်သော အမိန့်တစ်ခု စေခိုင်းနိုင်သည်။]

ဟမ်..? ဘယ်လိုဖြစ်......?

ချန်ကျစ်ချူးပင် ကြောင်အမ်းသွားရ၏။ ပြီးမှ ဂျိုရှုအာ၏လည်ဆွဲကို သူကိုယ်တိုင်ပင်မသိဘဲ အသုံးပြုလိုက်မိကြောင်း၊ ဝက်ဝံရုပ်ကို ထိန်းချုပ်သွားနိုင်ပြီဖြစ်ကြောင်း သတိထားမိသွားသည်။

တကယ်လည်း လည်ဆွဲကိုအသုံးချရန် စိတ်ကူးမရှိပေ။ လူသားစားမကောင်းဆိုးဝါးကို မထိန်းချုပ်နိုင်ခဲ့သဖြင့် ထိုမကောင်းဆိုးဝါးထက် သိသိသာသာ စွမ်းအားကြီးသော ဝက်ဝံရုပ်လေးကို မထိန်းချုပ်နိုင်လောက်ဟု တွေးထင်နေခဲ့သည်။ သို့သော် သူ့အထင်နှင့်ဆန့်ကျင်လျက် ဝက်ဝံရုပ်လေးကို အောင်အောင်မြင်မြင် ထိန်းချုပ်နိုင်ခဲ့သည်။ မည်မျှ ထူးဆန်းလိုက်လေသနည်း။

တုန့်ခနဲရပ်သွားသော ဝက်ဝံရုပ်လေးကိုကြည့်ပြီး ကျီယွင်ရှောင်နှင့် မုန့်ညီအစ်မနှစ်ယောက်က တိုက်ခိုက်ရန် ပြင်သည်။ ချန်ကျစ်ချူးက ထိုအခြင်းအရာကိုမြင်ပြီး ကပျာကယာ ဝင်တားလိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now